Chapter 17

1.3K 152 12
                                    

Unicode

အခန်း {၁၇}

ဖ‌ယောင်းတိုင်ထွန်းညှိလျက် ညဥ့်ယံစကားဆိုခြင်း


ကျူ့ယွင်ရွှမ်း ပြန်လာချိန်တွင် သူရိန်နေမင်းတောင် ပုန်းကွယ်တော့မည်ဖြစ်သည်။ လျန်ကျန်း အနှီမျိုးနွယ်မတူတဲ့မင်းသားသည် သဘာဝအတိုင်း ဘိုးဘေးဂူဗိမာန်သို့ အပျော်သဘောတောင်သွားစရာမလို။ တစ်လျှောက်လုံး ကန်းလင်နန်းတော်တွင်နေခဲ့ပြီး တစ်ဖဝါးမှမခွာချေ။

ကျူ့ယွင်ရွှမ်း၏ မျက်နှာအရောင်သည် ယခင်ကထက်ပိုပြီးကြည့်ရဆိုးသွားကာ နန်းဆောင်ထဲသို့ ဝင်လာသည်နှင့် သလွန်တော်ပေါ်သို့ ဆွဲတင်ခံလိုက်ရလေသည်။

လျန်ကျန်းသည် တစ်စုံတစ်ယောက်အားခေါ်ကာ သူ့ကိုယ်ပေါ်ရှိ အခမ်းအနားဝတ်ရုံနှင့် မကိုဋ်အားကူချွတ်ခိုင်းလိုက်ကာ ဆံနွယ်အားဖြည်ချလိုက်၏။ သူ့အား အေးအေးဆေးဆေးအနားယူစေဖို့ရာ ရေနွေးယူလာခိုင်းလိုက်ပြန်သည်။ လက်ကိုင်ပုဝါနွေးနွေးလေးအား ကျူ့ယွင်ရွှမ်းရှေ့ မြှောက်ပြကာ လျန်ကျန်းသည် လေးနက်သည့်အသံဖြင့် သတိပေးလိုက်၏။

"မျက်နှာလေးကို သုတ်လိုက်ပါဦး..သက်တောင့်သက်သာဖြစ်အောင်လို့။"

ကျူ့ယွင်ရွှမ်းသည် လက်ကိုင်ပုဝါအားယူကာ မျက်နှာပေါ်တိုက်ရိုက် အုပ်ချလိုက်၏။

လျန်ကျန်း၏ နှုတ်ခမ်းထောင့်သည် ကွေးတက်သွားပြီး ရုတ်တရက်ငုံ့ကိုင်းလာပြီး သူ၏ခြေထောက်နှစ်ချောင်းအား ဆုပ်ကိုင်ကာ သူ့ကိုယ်ပေါ်သို့တင်စေလိုက်၏။ ကျူ့ယွင်ရွှမ်းသည် လန့်ဖျပ်သွားပြီး စူးစူးဝါးဝါးစိုက်ကြည့်ကာ

"မင်းဘာလုပ်တာလဲကွ?"

လျန်ကျန်းသည် ဘာမှမကြားသယောင်ဖြင့် သူ၏ဘောင်းဘီရှည်အား ဆွဲတင်လိုက်၏။ ထင်သည့်အတိုင်း အေးခဲတောင့်တင်းနေသည့် ခြေသလုံးလေးနှစ်ဖက်နှင့် ဒဏ်ဖြစ်နေသည့် ဒူးခေါင်းလေးအား တွေ့လိုက်ရသည်။

"မနက်တုန်းက အရှင်မင်းကြီးကို စွပ်ပေးထားတဲ့ ဒူးစွပ်ရော?"

ကျူ့ယွင်ရွှမ်းသည် တဒင်္ဂအကြည့်လွှဲသွားပြီး စိတ်မလုံစွာဖြင့်ပြောလာ၏။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Wo Geschichten leben. Entdecke jetzt