Chapter 6

1.8K 204 8
                                    

Unicode

အခန်း{၆}

ဘေးအန္တရာယ်

ဟွာချင်းနန်း‌ဆောင်၊ ချန်ကွေ့ဖေး ၏အိပ်ဆောင်။

လျန်ကျန်း သည်‌လှေကားထစ်များ‌ပေါ်တက်ကာခြေလှမ်းများ လှမ်းလိုက်သော် တံခါးဝသို့ မဝင်မီတွင် နောက်တွင်စောင့်နေရန် အမိန့်ပေးခံထားရသော နန်းတွင်းအစောင့်တစ်ဦးမှ သူ့အား တိုးတိုးလေးလျှောက်တင်၏။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မယ်မယ်က အပြင်ထွက်ဖို့သောင်းကျန်းနေခဲ့တာပါ၊ ပါးစပ်ထဲမှာလည်း.....နည်းနည်းညစ်ပတ်နေတယ်၊ဒီနှစ်ရက်မှာတော့ရပ်သွားတယ်၊ လူတွေကိုကြည့်ပြီးအရူးလိုမျိုး ခဏနေရင်ရယ်နေပြီး ခဏနေရင်တော့ ငိုနေပြန်ရော..."

လျန်ကျန်း သည်စကားတစ်ခွန်းမှမဆိုဘဲ တံခါးကိုတွန်းပြီး အထဲသို့ဝင်သွားလိုက်၏။

ချန်ကွေ့ဖေး သည်ယခင်နေ့မှ မြင်တွေ့ခဲ့ရသည့် သူမ၏ ရင်သပ်ရှုမောဖွယ် ကျက်သရေထက် လျော့ပါးနေကာ ဆံပင်များသည်လည်း ရှုပ်ပွနေပြီး ကြမ်းပြင်ပေါ်တွင် ဒူး‌ကိုကွေးထားကာထိုင်နေသည်။

လျန်ကျန်း သည်နန်းဆောင်ထဲသို့ဝင်ရန် အတင်းအကြပ်ခိုင်းသည့်နေ့တွင် သူမအား ပြောခဲ့သောစကားများကို သတိရကာ အေးစက်စက်စိုက်ကြည့်ရင်းဖြင့်

"ငါ့မိသားစုထဲက မိသားစုဝင်တွေအားလုံးက ငါက ငါ့ရဲ့ဒုတိယဦးလေးနဲ့တူတယ်လို့ ပြောကြတယ်၊ ငါက မိန်းမဖြစ်နေရင်တောင်အရှင်မင်းကြီးကလည်း ငါ့ကို သဘောကျလိမ့်မယ်လို့လေ" ဟုပြောရင်း သူမ၏အမူအရာသည် ပို၍အေးစက်လာသည်။

ချန်ကွေ့ဖေး သည်ရုန်းရင်းဆန်ခတ်အခြေအနေကိုကြားပြီးနောက် သူမ၏ခေါင်းကို ဖြည်းညှင်းစွာမော့ကာ နွေးထွေးမှုကင်းမဲ့သော လျန်ကျန်း ၏အကြည့်နှင့် မျက်လုံးချင်းဆုံလိုက်သည်။

ခေတ္တရပ်အနည်းငယ်ရပ် ပြီးနောက် သူမ၏နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး အေးစက်စွာ လှောင်ပြောင်ရင်း

"ကျောင်းဝမ်က ငါ့ကို အကျယ်ချုပ်ချထားဖို့ ဘယ်လောက်ကြာကြာ စီစဉ်နေတာများလဲ။ ဘာကြောင့် မင်းကြီးနတ်ရွာစံပြီးတဲ့နောက်မှာ ဈာပနအခမ်းအနားတက်ခွင့်မပြုရတာလဲ?"

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now