"ကျွန်မတို့က ကုမ္ပဏီရသွားတာကို ဘာအတွက်မှ ထည့်မတွက်ပေမယ့် ရှင်က ရှင့်ရဲ့အမေကို ရှင့်ရဲ့ပထမဆုံးမိန်းမကို ဟွားနင်ခရိုင်မှာနေဖို့ ခေါ်သွားခွင့်ပြုပြီး ရှင်ကတော့ နောက်ကွယ်ကနေ မရိုးမဖြောင့် ပြုမူဖို့ နင်းမြို့တော်မှာ နေခဲ့တယ်။ အပြင်လူတွေအားလုံးက ရှင့်ကို တာဝန်ကျေတဲ့ ခင်ပွန်းတစ်ယောက်လို့ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ ရှင်က မိန်းမတစ်ယောက်အပေါ်မှာ မှီခိုမှုမရှိဘဲ မရှင်သန်နိုင်တဲ့ ဆန်ကုန်မြေလေးတစ်ယောက်ပဲလေ။ ရှင်က သေသွားမယ်ဆိုရင်တောင်မှ ဒါကို ဝန်ခံမှာ မဟုတ်ဘူး မလား"

"ရှင်က ရှန်းကျင်းကို ရှင့်ရဲ့အမေအရင်းနောက်ကို လိုက်အောင် လုပ်ဖို့အတွက်လည်း သူ့အမေရဲ့ရောဂါကို အကြပ်ကိုင်မှုတစ်ခုအနေနဲ့ သုံးခဲ့လို့ သူက ရှင့်အမေရဲ့အစေခံတစ်ယောက်လိုသာ နေပေးနိုင်ခဲ့တယ်။ ချမ်းသာပြီးတော့ အင်အားရှိတဲ့ မမလေးနဲ့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုရဲ့ စွမ်းဆောင်ရည်ရှိတဲ့ သူဌေးတစ်ယောက်က ရှင်တို့ရဲ့ ညှင်းပန်းနှိပ်စက်မှုတွေကြောင့် ပိန်လှီဝါဖျော့ပြီးတော့ လူမဟုတ် သရဲမဟုတ် ပုံစံမျိုးဖြစ်သွားခဲ့တယ်။ ရှင့်ရဲ့ယုတ်မာတဲ့ချုပ်ကိုင်မှုတွေကနေ လွတ်မြောက်ဖို့ သူ့အတွက် မလွယ်ကူခဲ့ဘူး။ ဒါတောင်မှ ရှင်က အရေထူပြီးတော့ သူ့ကို ချစ်တယ်လို့ ပြောရဲသေးတယ်လား"

ချင်ဇစ်ရွယ်က ကျင်းယွင်ကျောင်းသည် ဤကိစ္စကို ဤမျှအသေးစိတ် လေ့လာထားလိမ့်မည်ဟု တစ်ခါမှ မတွေးမိသဖြင့် အသံတိတ်နေသည်။

ထိုအခြေအနေအား အခွင့်ကောင်းယူ၍ ရှန်းကျင် ထွက်လာ၏။

"အားလုံးပဲ။ ကျွန်မက ချင်ဇစ်ရွှယ်ပြောတဲ့ ဇနီးဆိုတာပါ"

ရှန်းကျင်၏ အမူအယာက ရှုပ်ထွေးနေပြီး စတင်၍ မိတ်ဆက်လိုက်သည်။

"ရှန်းကျင်၊ အားကျင်၊ နောက်ဆုံးတော့ ကိုယ် မင်းကို ရှာတွေ့ပြီ"

ချင်ဇစ်ရွှယ်က ကြောင်အ,နေသော်လည်း သူသည် ချက်ချင်းပင် တစ်စက္ကန့်အတွင်း၌ သူ့ကိုယ်သူ ရှန်းကျင်ဆီသို့ ပစ်ဝင်လိုက်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now