"သမားတော်ကန်၊ စေတနာကောင်းတွေကို လျစ်လျူမရှုပါနဲ့။ ခင်ဗျားရဲ့အခြေအနေက ကျွန်တော်တို့ ဆေးရုံကို ဂုဏ်သိက္ခာကို ဆိုးဆိုးဝါးဝါး ညစ်နွမ်းစေတယ်။ ပြီးတော့ ကျွန်တော်တို့က ခင်ဗျားဆီကနေ နစ်နာကြေးတောင်းဖို့တောင် အခွင့်အရေးရှိတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အသက်အရွယ်ကြောင့် ကျွန်တော်တို့က ဒီလိုကိစ္စတွေကို ရက်ရက်စက်စက် လုပ်မှာ မဟုတ်ဘူး။ ဒီနေ့ ခင်ဗျား ဒီလူ့ရဲ့ဇနီးကို ပြန်ခေါ်လာရမယ်။ ပြီးရင် သူ့ကို ကောင်းကောင်းမွန်မွန် တောင်းပန်ရမယ်။ ကျွန်တော့်ကို တောင်းပန်ရမယ်၊ ဒါဆိုရင် ပြဿနာတွေကို ဖြေရှင်းပြီပြီလို့ ယူဆနိုင်ပြီ။ အဲဒါက အရမ်းများ ခက်ခဲလွန်းနေလို့လား"

ဒါရိုက်တာလျို့က အော်ဟစ်လိုက်၏။

ချင်ဇစ်ရွှယ်၏ စိတ်ခံစားချက်မှာ အလွန်မြောက်တက်နေသည်။ မူလက သူသည် ဤနေရာမှ တာဝန်ရှိသူကို ရှာပြီးနောက် ပြဿနာများကို လွယ်လွယ်ကူကူ ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု ထင်နေခဲ့၏။ ဤဒါရိုက်တာလေးက ဘုရားသခင်က လွှတ်လိုက်သော ကူညီသူဖြစ်၍ ကန်စုန့်ပိုင်နှင့် ရန်ပွဲတစ်ခုစတင်၍ပင် သူ့အား ကူညီပေးလိမ့်မည်ဟု မည်သူ ထင်ခဲ့မည်နည်း။

ကန်စုန့်ပိုင်သည် ဒေါသထွက်လွန်းသဖြင့် ဘာမှမပြောနိုင်တော့ပေ။

စင်စစ် သူသည် အတော်လေး အသက်ကြီးနေပြီဖြစ်၍ သူ့ ကျန်းမာရေးကို ထိန်းသိမ်းလျှင်တောင်မှ သူ၏ခန္ဓာကိုယ်က စိတ်ပိုင်းဆိုင်ရာ ဖိအားများနှင့် ဒေါသများ၏ ဆက်တိုက်ညှင်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်မရှိသေးပေ။

ထိုခဏ၌ သူသည် မူးဝေခြင်းကိုသာ ခံစားလိုက်ရသည်။ သူ့ ခေါင်းထဲ၌ နာကျင်မှုများစွာဖြင့် ပြည့်နေပြီး ဒါရိုက်တာလျို့အား ထိုးထားသည့် သူ့ လက်ချောင်းလေးက အလွန်အမင်း တုန်ယင်လာသည်။ သိမ်းကျုံး၍ တစ်ချက်ကြည့်လိုက်ရာ သူသည် အေးစက်စက် ပြုံးပြနေသော ချင်ဇစ်ရွှယ်အား တစ်ဖန်ထပ်၍ မြင်လိုက်ရပြန်၏။ ထို့နောက် သူ၏ လက်က လျှောကျသွားပြီး သူသည် ကုလားထိုင်ပေါ်သို့ 'ဘမ်း' ခနဲ ပုံလျက်သား လဲကျသွားတော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now