သို့ရာတွင် ခုနက အခြေအနေအပေါ်ရှိ ကျင်းယွင်ကျောင်း၏ စိတ်ထားအား တွေ့မြင်ရသလောက် သူမသည် ထိုရောဂါအပေါ်၌ ယုံကြည်မှုအချို့ ရှိပုံပေါ်သည်။ ဤအဆင့်အတန်းက သူ့ထက် ပို၍ မဆိုးဝါးပေ။

ရှန်းကျင်သည် ဤကဲ့သို့ ဖြစ်ပျက်ပြီးနောက် သူတို့အား ဆက်နေစေရန်  ခေါင်းမာမနေတော့ပေ။ ထို့ကြောင့် သူမက မြေးအဖိုးနှစ်ယောက်အား လိုက်ပို့ပေးလိုက်ပြီးနောက် သူမ တစ်ယောက်တည်း ပြန်လာခဲ့သည်။ စော်ကားမော်ကား ဆဲရေးခြင်းများက တစ်ခုပြီးတစ်ခု စတင်လာ၏။ အိမ်နီးချင်းများက ထိုအကြောင်းနှင့် ပတ်သတ်၍ အတွေးမလွန်ကြတော့ပေ။ စင်စစ် ဤသည်က နေ့စဥ် ပုံမှန်ဖြစ်ရပ်တစ်ခုပင်။

သို့သော် သူတို့မသိကြသည်မှာ ယခု အဖွားအိုက အော်ဟစ်ကြိမ်းမောင်းနေခြင်းမှာ ရှန်းကျင်က သူမကို လျစ်လျူရှုထားသောကြောင့်ပင်။

သူမ၏ ကျောရိုးက မကောင်းတော့ဘဲ အဆိုးဆုံးအချိန်တွင် သူမသည် လမ်းပင် မလျှောက်နိုင်ချေ။ ရှန်းကျင်သည် ချက်ချင်းပင် သူမ၏ အခန်းထဲသို့ဝင်သွားပြီးနောက် တံခါးကို ချက်ချထားလိုက်ပြီး၊ အဖွားအိုသည် ဆိုဖာပေါ်တွင် လေတိုက်ခံရင်း ကျန်ခဲ့သည်။ သူမသည် ယခင်ကကဲ့သို့ ချက်ပြုတ်ပေးခြင်းမရှိသလို ဆေးကြိုပေးခြင်းလည်း မရှိပေ၊ အိမ်ထဲ၌ အဖွားအို ရှိမနေသည့်အလားပင်။

ဤအချိန်၌ အဖွားအိုသည် ရှန်းကျင်အား အမှန်တကယ်ပင် သေလောက်အောင် ဒေါသထွက်နေသည်။ သို့သော် နာရီအနည်းငယ်မျှ အော်ဟစ်ပြီးသည့်နောက်တွင်လည်း ရှန်းကျင်ထံမှ လှုပ်ရှားမှု မရှိသေးချေ။

သူမ၏ ဘေး၌ သူမ၏ ဖုန်းလည်း မရှိရာ သားဖြစ်သူအား ဆက်သွယ်ရန် နည်းလမ်းမရှိပေ။ သူမသည် ဒေါသထွက်နေသောကြောင့် သူမ၏ အရိုးများက ပို၍ပင် နာကျင်လာပြီး သူမအား နာကျင်မှုကြောင့် လုံးဝ မရွေ့လျားနိုင် ဖြစ်သွားစေသည်။ သူမသည် ယားယံမှုကြောင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကုတ်ဖဲ့ထားရာ အချို့နေရာများက သွေးထွက်နေ၏။

ဤအချက်ကြောင့် အဖွားအိုသည် နောင်တအနည်းငယ် ရနေသည်။ ရှန်းကျင်အား နှိပ်စက်ညှင်းပန်ရန် နည်းလမ်းများစွာရှိ၏။ ပထမဆုံးအနေနှင့် သူမသည် ကုသမှုခံယူရန်အတွက် ရွေးခြယ်ခဲ့သင့်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now