အဖွားအိုက အမျိုးသမီးကို မေးလိုက်သည်။ အဖွားအိုက သူမ၏ ပါးစပ်ကို ဖွင့်လိုက်သည့်အချိန်မှစ၍ ထိုစကားအားလုံးကို စက်သေနတ်ပစ်သလို ဆက်တိုက်ပြောလိုက်၏။
အိမ်ရှင်မက လန့်သွားပြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။
အဖိုးကန်က ရှန်းကျင်သည် မလိမ်ချင်သော်လည်း အမှန်တရားကိုလည်း မပြောရဲကြောင်းကို သေချာပေါက် သိသည်။ သူမက ထုတ်ပြောရန် အမှန်တကယ် မျှော်လင့်မထားပေ။ ထို့ကြောင့် အဖွားအိုက တစ်ဖန်ပြန်၍ တဖျစ်တောက်တောက် စပြောလာပြန်၏။
သူက ချက်ချင်းပင် ဆေးညွှန်းတစ်ခုကို ချရေးလိုက်ပြီး ကမ်းပေးလိုက်သည်။
"ကျုပ် ခင်ဗျားရဲ့ဆေးညွှန်းထဲမှာ ဆေးအသစ်တစ်မျိုး ထည့်ပေးထားတယ်။ အဲဒါကို အချိန်မှန် သေချာသောက်ပါ။ ဒါပေမယ့် နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ကျုပ်လုပ်ပေးနိုင်တာ ဘာမှမရှိတော့ဘူး။ အို...ဟုတ်သားပဲ"
အဖိုးကန်က သတိရသွား၏။
"သူ့ကို သွေးခုန်နှုန်း စမ်းပေးလိုက်ပါ"
ဤသို့ပြောလိုက်ရင်း သူ၏ မျက်နှာပေါ်တွင်လည်း စိတ်မရှည်သော အရိပ်အယောင်အချို့ ရှိနေ၏။
အဖိုးအို၏ စိတ်ထားသည် များသောအားဖြင့် အတော်လေး ကောင်းမွန်သောကြောင့် ကျင်းယွင်ကျောင်းအတွက်မူ သူ၏ ဤကဲ့သို့သော ပုံစံကို မြင်ရသည်မှာ အတော်လေး ရှားပါးသည်။
သို့သော် ထိုအကြောင်းကို တွေးလိုက်သည်နှင့် ပို၍ခံစားတတ်လာ၏။ ဖျားနာနေသောလူများသည် ပို၍ နေကောင်းလာချင်သော်လည်း သူတို့၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို တန်ဖိုးမထားကြပေ။ သူတို့သည် သူတို့၏ ကျန်းမာရေးကို လောင်းကြေးထပ်ပြီး ဂိမ်းတစ်ခုကဲ့သို့ ဆက်ဆံကြသည်။ ကျင်းယွင်ကျောင်းသည် ၎င်းကို အမှန်ပင် နားမလည်ချေ။ ဒီလိုလူမျိုးတွေကို ကုသတဲ့နေရာမှာ ဘာက အဓိကအချက်လဲ။
နောက်ဆုံးတွင်မူ သူမသည် ရှေ့သို့ တိုးသွားလိုက်သည်။ အဖွားအို၏ မျက်လုံးများက မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း အဖိုးကန် ရှိနေခြင်းကြောင့် သူမက ငြီးငွေ့နေပြီး ကျင်းယွင်ကျောင်းအား သွေးခုန်နှုန်းစမ်းခွင့်ပြုလိုက်၏။
Chapter 173
Start from the beginning