အမျိုးသမီး၏ စကားများသည် သူမအား မြှောက်ပင့်နေခြင်းမဟုတ်ဘဲ ထိုစကားကို ကြားသည့် ကျင်းယွင်ကျောင်းသည်လည်း ထိုသို့ကြားရသည့်အပေါ်  မည်သည့်ဝမ်းမြောက်မှုကိုမှ မခံစားရပေ။ ကျေးဇူးတင်သည့် အနေဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။ ထို့နောက် သူတို့သည် အိမ်သို့သွားရန် သူမ၏ နောက်မှ  လိုက်ပါသွားကြ၏။

သူတို့ အထဲသို့ ခြေချလိုက်သည့်အခိုက်၌ အိမ်အိုတစ်လုံးကို မြင်လိုက်ကြရသည်။ နေရာမှာ မကြီးဘဲ အဆောက်အဦးသည် ခေတ်နောက်ကျ မနေပေ။ အခန်းဖွဲ့ပုံမှာ အနည်းငယ် ပူးပူးကပ်ကပ် ဖြစ်နေ၏။ အထဲရှိပစ္စည်းများကလည်း အတော်လေး သက်တမ်းရင့်နေပြီး အောက်သိုးသိုးအနံ့ပြင်းပြင်းကို ပေးနေသည်။ ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်မထားပါက အိမ်ထဲ၌ လေဝင်လေထွက်ကောင်းလိမ့်မည်ဖြစ်သော်လည်း လိုက်ကာများကိုပင် ပိတ်ထားသေးသည်။ အရာအားလုံးက အခန်းကို ခြောက်ခြားစရာ ကောင်းနေစေသည်။ အထဲသို့ ဝင်ဝင်ချင်း အကြီးအကျယ် နေမထိထိုင်မသာ ခံစားသွားရစေနိုင်၏။

"အမေ၊ သမားတော်ကန်က ဒီမှာလေ"

အမျိုးသမီးက အခန်းတံခါးကို ဂရုတစိုက်ဖွင့်လိုက်ပြီး အထဲသို့ ငြင်ငြင်သာသာ လှမ်းပြောလိုက်သည်။

ကျင်းယွင်ကျောင်းသည် သူမ၏ နားများကို အနည်းငယ် စောင်း၍ နားစွင့်ထားလိုက်ပြီး အထဲရှိလူသည် သူတို့၏ လူနာဖြစ်နိုင်သည်ဟု တွေးနေမိ၏။ သို့သော် အဖိုးက ယခင်က ပြောခဲ့သည်က ဘာကို ဆိုလိုသနည်း။

"နင် ငါ့ကို လန့်ပြီးတော့ သေအောင် လုပ်နေတာလား။ နင်က လောကဝတ်လေးတစ်ခုတောင် လုံးဝမသိဘူး။ နင် ဝင်မလာခင် ငါ့အခန်းတံခါးကို ခေါက်ရမယ်ဆိုတာ မသိဘူးလား။ နင့်အသံက ကျယ်လွန်းတယ်။ နင်က ငါ့ကို စောစောသေစေချင်နေတာလား"

ရုတ်တရက် အိုမင်းသော်လည်း ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး ကျင်းယွင်ကျောင်းကို ထိတ်လန့်သွားစေသည်။

သို့ရာတွင် တစ်ဖက်၌ အဖိုးကန်က အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ သူ၏ တင်းတင်းကြပ်ကြပ် စုကျုံ့ထားသော မျက်ခုံးတန်းများက မြင်နိုင်သည့် တစ်ခုတည်းသော တုံ့ပြန်မှုဖြစ်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now