ကျင်းယွင်ကျောင်း၏ အသံက သူမအား တိုက်ရိုက် တိုက်ခိုက်ခဲ့ပြီး ချောင်ဟုန်ယဲ့၏ နောက်ဆုံးကျန်ရှိနေသည့် ခွန်အားလေးကိုပင် လုံးဝ အငွေ့ပျံပျောက်ကွယ်သွားစေသည်။

"ငါ နင့်ရဲ့ လက်သိပ်ထိုးလုပ်တတ်တဲ့ လှည့်ကွက်လေးတွေကို အကြိမ်ပေါင်းများစွာ ဖြေရှင်းခဲ့ပြီးလို့ ငြီးငွေ့နေပြီ။ နင်က နင့်ကိုယ်နင် ငါ့ရဲ့တံခါးဝကို အရောက်ပို့ဖို့ ဆန္ဒရှိနေမှတော့ ကိစ္စတွေကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်။ မနက်ဖြန် ငါ ကျောင်းကနေ အိမ်ပြန်ရောက်ရင် ဒါတွေကို ရဲစခန်းကို ပို့လိုက်မယ်။ ဒါပေမယ့် နှမြောစရာကောင်းတာက နင်က အသက်မပြည့်သေးတာပဲ"

ကျင်းယွင်ကျောင်းက အလျင်မလိုဘဲ ပြောလိုက်၏။

အမှန်က ချောင်ဟုန်ယဲ့၏ ဤရာဇဝတ်မှုသည် သူမအား ကလေးသူငယ်ထိန်းသိမ်းရေးစင်တာသို့ ပို့နိုင်သော်လည်း ဤမိန်းကလေးက ထက်မြက်သူဖြစ်ရာ သူမကိုယ်သူမ ပြဿနာမှ လွတ်မြောက်နိုင်မည့် နည်းလမ်းများကို သေချာပေါက် ရှာဖွေနိုင်လိမ့်မည်။

ထို့အပြင် သူမသည်လည်း နစ်နာသူများထဲမှ တစ်ယောက်ဖြစ်သည်မှာ အမှန်ပင်။ အဆုံး၌မူ သူတို့သည် အချိန်အများစုတွင် အုပ်ထိန်းသူများက သူတို့၏ ကလေးများကို ပို၍ စည်းကမ်းကြပ်မတ်ရန်သာ အမိန့်ချလိမ့်မည်။ သို့ရာတွင် ချောင်ဝေ့မင်၏ စရိုက်နှင့်သာဆိုပါက သူသည် ချောင်ဟုန်ယဲ့ကို ကျောင်းထွက်ခိုင်းမည်မှာ အသေအချာပင်။

ကျောင်းထွက်ပြီးနောက် ချောင်ဟုန်ယဲ့သည် မည်ကဲ့သို့သော နေ့ရက်များဖြင့် ရှေ့ဆက်ရမည်နည်း။ လက်မထပ်မီတွင် ကျင်းယွင်ကျောင်း၏ အတိတ်ဘဝကကဲ့သို့ သူမကိုယ်တိုင်လည်း ဖြတ်သန်းရပေလိမ့်မည်။ အိမ်ထဲတွင်သာ ကန့်သတ်၍ နေရသည်။ နေ့တိုင်း မပြီးဆုံးနိုင်သော အိမ်အလုပ်များကို လုပ်ရသည်၊ ပြီးလျှင် ငွေရှာရန်အတွက် အလုပ်လုပ်ရသည်။ သူတို့နှစ်ယောက်ကြားရှိ တစ်ခုတည်းသော ကွာခြားချက်မှာ ချောင်ဟုန်ယဲ့က သူမ၏ ဘဝကို အေးအေးချမ်းချမ်း လက်ခံနိုင်လိမ့်မည် မဟုတ်ဘဲ ချမ်းသာသော ရည်းစားတစ်ယောက်ကို လက်ထပ်ရန်အတွက် သူမကိုယ်တိုင်ပင် ရှာဖွေရန် ကြိုးစားလိမ့်မည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now