တစ်ဖက်တွင်လည်း ဟယ့်ကျားစစ်သည် အလွန်အမင်း မချင့်မရဲဖြစ်နေ၏။ သူမသည် ချောင်ဟုန်ယဲ့နှင့် ကျင်းယွင်ကျောင်းတို့ ကြမ်းကြမ်းတမ်းတမ်း အပြောအဆိုခံရစေရန် ရည်ရွယ်၍ ချောင်ဝေ့မင်အား လျှို့ဝှက် အကြောင်းကြားလိုက်သူဖြစ်သည်။

ချောင်ဝေ့မင်သည် ဟယ့်ကျားစစ်၏ မျက်နှာသာပေးခြင်းဖြင့် နေရရန် အလို့ငှာ ပေါ့ပေါ့လျှော့လျှော့ မနေရဲသည်မှာ သဘာဝဖြစ်၍ ကျောင်းသို့ ခပ်မြန်မြန်ပင် အပြေးအလွှား ရောက်ရှိလာ၏။ သို့သော် ထိုလူသည် ဤမျှ အသုံးမကျလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့။ သူက ရန်ပွဲတစ်ခုလုံးအတွင်း၌ ချောင်ဟုန်ယဲ့ကိုသာ တစ်ကြိမ်တည်း ပါးရိုက်လိုက်နိုင်ပြီး ကျင်းယွင်ကျောင်းကိုမူ ဘာအခွင့်အရေးမှယူရန်ပင် မစီစဥ်နိုင်ခဲ့ချေ။ သူကပင် သူမထံမှ အရိုက်ခံခဲ့ရ၏။

ထို့အပြင် ယောက်ျားတစ်ယောက်ကလည်း ရုတ်တရက် ပေါ်ထွက်လာ၏။ သူနှင့် ဘာဆိုင်သနည်း။ သူသည် အပြုံးများ ဖိတ်လျှံကျနေသည်ဟု ထင်ရသော်လည်း သူဘာကိုပဲ လုပ်သည်ဖြစ်စေ သူ၏ အကြည့်များက လူများအား ဝါးစားတော့မည့်အလား သူမ ခံစားနေရသေးသည်။ အစောပိုင်းက သူမကိုယ်တိုင်ပင်လျှင် ထိုအကြည့်များဖြင့် ခြိမ်းခြောက်ခံခဲ့ရ၏။

ထို့အပြင်... ...

သူမသည် အဝတ်အစား၊ ဖက်ရှင်ဘရန်းများနှင့် ပတ်သတ်၍ ဗဟုသုတ အနည်းငယ်ရှိသည်။ ထိုလူဝတ်ဆင်ထားသော အဝတ်အစားများသည် ရိုးစင်းပုံပေါ်သော်လည်း ခေါင်းအစ ခြေအဆုံး စျေးပေါသော ဘရန်းအတု တစ်ခုမှ မပါရှိပေ။ ဤလူသည် ဟွားနင်ခရိုင်မှ မဟုတ်ပါက  သူမ၏ ပထမဆုံး သံသယမှာ ဤလူသည် အာဏာအကြီးဆုံး ထိပ်တန်းမိသားစုများထဲမှ တစ်ခုက ဖြစ်လိမ့်မည်ဟုပင်။

သို့ရာတွင် ဟယ့်ကျားစစ်သည် လက်ရှိအချိန်၌ အခြားကျောင်းသားများက ကျင်းယွင်ကျောင်းအား ကြောက်ရွံ့သော်လည်း ရိုသေလေးစားစွာ ကြည့်နေကြသည်ကို မြင်သောအခါ အံကြိတ်မိသည်။

သူမသည် ဟွားနင်ခရိုင်၌ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း လူများက သူမအား ဤသို့ စိတ်အားထက်သန်စွာဖြင့် ဆက်ဆံကြသည်ကို မမြင်ဖူးသေးပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now