"ကျွန်မရဲ့မြင်ကွင်းထဲက ထွက်သွားအောင် ရှင့်ကို လုပ်ရတော့မယ်"

(TN: လူတစ်ယောက်မှာ မျက်နှာလိုတယ်၊ သစ်ပင်တစ်ပင်မှာ အခေါက်လိုတယ် ဆိုတာ လူတစ်ယောက်မှာ သိက္ခာရှိဖို့လိုတယ်၊ ကိုယ့်ကိုကိုယ် လေးစားမှုရှိဖို့ လိုတယ်လို့ ပြောတာပါ။)

ချောင်ဝေ့မင်၏ မျက်နှာပေါ်မှ မျက်နှာလိုမျက်နှာအပြုံးက ကြေပျက်သွား၏။ သူက ကျင်းယွင်ကျောင်းကို စိုက်ကြည့်လိုက်ပြီး

"နင်က နင့်ကိုနင် ဘာထင်နေတာလဲ။ အဲဒီနှစ်က ငါတို့ ချောင်မိသားစုကသာ နင့်ကို ခေါ်မလာခဲ့ရင် နင့်ရဲ့စိတ်ထားနဲ့ နင့်ရဲ့နိမ့်ကျတဲ့ သဘာ၀ကြောင့် နင် လမ်းပေါ်မှာ သေနေတာပဲ ကြာလှပြီ။ နင်က လူကြီးတွေကို ရိုသေရမယ်၊ အငယ်တွေကို ချစ်ခင်ညှာတာရမယ်ဆိုတာလည်း မသိဘူး။ နင့်မှာ သားသမီးဝတ္တရားဆ်ိုတဲ့ စိတ်လည်း မရှိဘူး။ နင် လမ်းမကြီးအလယ်ခေါင်မှာ စွန့်ပစ်ခံရတာကို မအံ့သြတော့ပါဘူး"

ကျင်းယွင်ကျောင်းက အေးစက်စွာ မတ်တပ်ထရပ်လိုက်၏။

သူမသည် သူ ချောင်ဟုန်ယဲ့အား အနိုင်ကျင့်စော်ကားသည်ကို ဂရုမစိုက်ပေ။ ချောင်ဟုန်ယဲ့က သူ၏ သမီးအရင်းဖြစ်သည်။ သို့သော် သူမနှင့် ဘာမှမဆိုင်ဘဲ သူက သူမအား အနိုင်ကျင့်ချင်နေသည်။

သို့သော် သူမအား လာရှုပ်ရန်မှာ အဆင်မပြေပေ။

"ချောင်ဝေ့မင်၊ ကျွန်မ သည်းခံနေတာ လုံလောက်ပြီ"

စကားပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းက တစ်ချက် ဆောင့်ကန်လိုက်တော့သည်။

ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည် တုံပြန်ချိန်ပင် မရလိုက်ဘဲ ချောင်ဝေ့မင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဘေး၌ ကြောင်ရပ်နေသော ချောင်ဟုန်ယဲ့နှင့်အတူ ကြမ်းပြင်ပေါ်သို့ ပြိုလဲကျသွားတော့၏။ ကျင်းယွင်ကျောင်း၏ အမူအယာသည် အေးစက်နေပြီး သူမ၏ မျက်ဝန်းနက်နက်များအတွင်း၌ လူသတ်ချင်စိတ်များပင် ပါဝင်နေသလိုပင်။ ထိုပညာပေးနေသော အမူအယာသည် အခြားသူများ၏ နှလုံးသားထဲ၌ နက်ရှိုင်းစွာ စွဲထင်သွား၏။ မည်သူက ဝင်ရောက်ဖျန်ဖြေရဲမည်နည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now