Chapter:32

829 116 5
                                    

*****

Unicode

*****

Chapter:32 လဲ့ဟွာက မီကျိုက်လေးကို ငိုစေခဲ့တယ်။

******

ထိုယောက်ျားရဲ့အာရုံကို ပိုပြီး ဆွဲဆောင်နိုင်ဖို့အတွက် မီကျိုက်လေးက အိမ်အပြင်ဘက်တွင် တောရိုင်းပန်းပင်လေးတွေနဲ့ မြက်ပင်တချို့ကို ခူးယူပြီး ပန်းကုံးတစ်ခုလုပ်ကာ သူခေါင်းကလေးပေါ်တွင် လှပစွာ တင်ထားလိုက်ပြီးတော့ ထိုယောက်ျားရှေ့မှာ ပြသလိုက်တယ်။

သို့သော် မီကျိုက်လေးရဲ့ လက်ရာက အလွန်ကို မကောင်းသဖြင့် ပန်းကုံးလေးသည် ​မသေမသပ်နဲ့ လျော့ရဲနေပြီး ပန်းကုံးအသွင် လုံးဝမပေါ်ခဲ့ပေ။

လဲ့ဟွာက မီကျိုက်လေးရဲ့ ခေါင်းပေါ်တွင် မြက်ပင်များ ရှိနေတာကို မြင်တော့ သူလေးရဲ့ခေါင်းပေါ်က မြက်ပင်တွေကို ကူညီဖယ်ရှားပေးလိုက်တယ်။

" ခေါင်းပေါ်မှာ မြက်တွေ ဘာလို့ ဒီလောက် အများကြီးရှိနေတာလဲ? "

သူ ခက်ခက်ခဲခဲလုပ်ထားတဲ့ ပန်းကုံးလေးကို ထိုယောက်ကျားက ဒီတိုင်း ဖယ်ရှားလိုက်တာကို မြင်တော့ မီကျိုက်လေးက ဝမ်းနည်းစွာ လှည့်ထွက်ပြေးသွားတယ်။ လဲ့ဟွာသည် မီကျိုက်လေး၏ နောက်ကျောကို ကြည့်ကာ စိုးရိမ်တကြီးအော်ပြောတယ်။

" မှောင်နေပြီ လျှောက်ပြေးမနေနဲ့တော့ "

မီကျိုက်​လေးက အဝေးကြီး ပြေးမထွက်သွားဘဲ အိမ်အပြင်ဘက်ရှိ ပေါင်ပင်များကြားတွင် ရပ်ကာ တောရိုင် ပန်းပွင့်လေးများကို ခူးယူပြီး သူဝတ်ဆင်ဖို့အတွက် ပန်းပွင့်အလှဆင်မှု ပုံစံသစ်တစ်ခု ပြုလုပ်ရန် စီစဉ်နေသည်။

လဲ့ဟွာက နောက်မှ လိုက်လာတော့ မီကျိုက်လေးသည် မြေပြင်ပေါ်တွင် ငုတ်တုတ်ကလေးထိုင်ကာ တောရိုင်းပန်းပွင့်ငယ်များ ခူးယူနေသည်ကို တွေ့လိုက်ရသည်။

လဲ့ဟွာက အနောက်ကနေ မီကျိုက်လေးကို ကောက်ချီလိုက်ပြီးပြောတယ်။

" ပန်းမခူးနဲ့တော့။ နောက်ကျနေပြီ။ အိမ်ပြန်ပြီး အိပ်ဖို့အချိန်ရောက်ပြီ "

မီကျိုက်လေးသည် အသစ်စက်စက် သူခူးဆွတ်ထားတဲ့ တောရိုင်းပန်းပွင့်လေးများကို သူ့လက်ထဲမှာ ကိုင်ထားပြီး အိမ်ကို အတင်းပြန်သယ်သွားခဲ့တယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang