Chapter:18

694 140 5
                                    

*****

Unicode

******

Chapter:18 ရှောင်မီလေးတွက် ဖိနပ်သေးသေးလေးတစ်ရံလုပ်ခြင်း!

*******

ရှောင်မီလေးသည် ပုလင်းထဲရှိ နောက်ဆုံးဖျော်ရည်လက်ကျန်တစ်စက်ကို သောက်လိုက်ပြီးမှ ထကာ ထိုယောက်ကျားနံဘေးကို သွက်သွက်ကလေး ပြေးလာတယ်။

သူလေးက ထိုလူလက်ထဲက စုတ်ပြဲနေသော အဝတ်များကို အံ့သြသောမျက်လုံးများဖြင့်ကြည့်လိုက်တယ်။

လဲ့ဟွာသည် အတွင်းခံဘောင်းဘီကို ရှောင်မီလေးနှင့် ဦးစွာယှဉ်ကြည့်လိုက်ပြီး ဒါတွေက ရှောင်မီလေး ဝတ်လို့ရတယ်လို့ခံစားရတယ်။

" ကျိုက်ကျိုက် မင်းခြေထောက်တွေကို မြှောက်ထား "

ရှောင်မီလေးသည် သူ့ညာဖက်ခြေထောက်လေးကို မြှောက်လိုက်ရာ သူ့ခန္ဓာကိုယ်က ဟန်ချက်ပျက်သွားကာ သူ့လက်သေးသေးလေးကို ထိုယောက်ကျား၏ ပခုံးပေါ် အမြန်တင်လိုက်သည်။

လဲ့ဟွာကလည်း ရှောင်မီလေးပြုတ်ကျမှာကို ကြောက်တဲ့အတွက် သူ့ခါးကို လက်တစ်ဖက်နဲ့ ကိုင်ထားပေးပြီး ဘောင်းဘီကို နောက်လက်တစ်ဖက်နဲ့ ထောက်ကာဝတ်ပေးလိုက်တယ်။

ချုပ်ထားပုံက အနည်းမသပ်မရပ်ဖြစ်နေပြီး ​မျှော့ကြိုးမပါတာကြောင့် ဝတ်လို့ရပေမယ် အနည်ငယ် ချောင်ကျနေတယ်။ အထည်စကလည်း နည်းတာကြောင့် ရှေ့ပိုင်က သူလေးရဲ့ ဌက်ကလေးကို ဖုံးထားနိုင်ရုံသာရှိပြီး နောက်ဘက်တွင်တော့ ဖင်လေးနှစ်တုံးကို အပြည့်အဝအုပ်ထားပေးနိုင်တယ်။(ဘစ်ပုံစံဘဲ သိတယ်ဟုတ် အနောက်က ကျယ်ပြီးအရှေ့က ကျဉ်းတယ်လေ)

ရှောင်မီလေးက သူဝတ်ထားတဲ့ ဘောင်းဘီလေးကို ငုံ့ကြည့်ရင်း သူ့မျက်လုံးတွေက သိချင်စိတ်တွေ ပြည့်နှက်နေတယ်။

အရင်က ဒီလိုမျိုး တစ်ခါမှ မဝတ်ဖူးဘူး။ သူ့ငှက်သေးသေးလေးကို တင်းတင်းကြပ်ကြပ်ထုတ်ထားပြီး သိပ်အဆင်မပြေသလိုခံစားရတယ်။ သူက လမ်းလျှောက်ဖို့တောင် မေ့သွားတယ်။ လက်ခြေတစ်ဖက်နဲ့ လမ်းလျှောက်နေသလို ထူးဆန်းပြီးရယ်စရာကောင်းတယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now