Chapter: 37

617 55 8
                                    



******

Chapter:37 " ထပ်ထွက်ပြေးရဲရင် မင်း ဖင်​လေးကို နာအောင်ရိုက်မယ် "

*****

ထိုလူ၏ အမူအရာက အနည်းငယ် တင်းမာနေ၍ မီကျိုက်လေးသည် အလွန်ကြောက်လန့်သွားကာ သူ့ပုခုံးကို ဖက်ထားပြီး ဘာမှပြန်မဖြေဝံ့တော့ပေ။

လဲ့ဟွာက မီကျိုက်လေးရဲ့ ခန္ဓာကိုယ်လေးကို လှန်ပြီး သူ့ပေါင်ပေါ်မှာ လှဲအိပ်ခိုင်းကာ တင်ပါးလေးကို ချိန်ရွယ်ပြီးရိုက်လိုက်တယ်။

ဒါပေမယ့် သူက မီကျိုက်လေး မနာကျင်အောင် ပေါ့ပေါ့တန်တန်လေး ရိုက်လိုက်တာမို့ မီကျိုက်လေးက နာကျင်မှုကို ခံစားရမှာမဟုတ်ဘူး။

မီကျိုက်လေးသည် နာကျင်မှုကို မခံစားရသောကြောင့် မငိုဘဲ သူလေး၏ခေါင်းလေးကို လှည့်ကာ ထိုယောက်ျားကို စူးစမ်းမှုဖြင့် ကြည့်လိုကက်တယ်။

လဲ့ဟွာသည် အလွန်ဒေါသထွက်ကာ မီကျိုက်လေးကို သင်ခန်းစာတစ်ခုပေးချင်သော်လည်း သူမတတ်နိုင်ခဲ့ဘူး။ သူ လေသံပြင်းပြင်းဖြင့် နုတ်ဖြင့် ဆူငေါက်ရုံသာတက်နိုင်ခဲ့တယ်။

" နောက်တစ်ခါ ထပ်ထွက်ပြေးရဲရင် မင်း ဖင်​လေးက နာအောင် အရိုက်ခံရမယ် "

မီကျိုက်လေးက ထိုစကားလုံးကို ကြားတာနဲ့ ကြောက်ရွံ့တုန်လှုပ်သွားတယ်။

ခြိမ်းခြောက်မှုပြီးသွားပြီးနောက် လဲ့ဟွာက မီကျိုက်လေးကို လက်ထဲတွင် ပွေ့ဖက်ထားပြီး နူးညံ့​သောလေသံလေးနဲ့ ပြန်လည် ချော့မြူပါတော့တယ်။

" မသက်မသာ ခံစားရတဲ့နေရာရှိသေးလာ? "

မီကျိုက်လေးက အခုမှပြန်ကောင်းလာတာဆိုတော့ လဲ့ဟွာက သူ့ကို သေချာလေး ဂရုစိုက်ရဦးမယ်။

မီကျိုက်လေးရဲ့ ခန္ဓာကိုယ်က ကျန်းကျန်းမာမာနဲ့ သန်မာလာတဲ့အခါမှသာ သူ မီကျိုက်လေးကို အနိုင်ကျင့်လို့ရမှာ။ အခု သူလေးက နုနယ်လွန်းနေသေးတယ်။

မီကျိုက်လေးက ခေါင်းခါပြပြီး အဆင်ပြေကြောင်းပြောလိုက်တယ်။ အဲဒီလူရဲ့ ဆေးက အရမ်းထိရောက်တယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora