Chapter:11

722 133 5
                                    

*****

Unicode

*****

Chapter: သူက Mizai ရဲ့လူ! လုယူလို့မရဘူး!

ကယ်ဆယ်ရေးအဖွဲ့တွေက သူ့ကို မကြာသေးခင်ထိတော့ ရှာတွေ့ဦးမှာမဟုတ်ဘူး။ လဲ့ဟွားက ဒီမှာပဲ ခေတ္တခဏတော့ နေထိုင်ရဦးမယ်။ ကံကောင်းထောက်မစွာပဲ Mizai လေးက သူနဲ့အတူရှိနေတာကြောင့် သူ့မျော်လင့်ချက်တွေ နောက်ဘဝအထိတိုင်အောင်ပြည့်လာစေတယ်။

တောကြီးထဲမှာက အန္တရာယ်တွေ ပြည့်နှက်နေတော့ အကြာကြီး နေလို့မရဘူး။ မျိုးနွယ်စုဆီ ပြန်သွားရမယ်။ အုပ်စုဖွဲ့နေထိုင်မှသာလျှင် ဘဝရဲ့ လုံခြုံမှုကို အာမခံနိုင်မယ်။

ရှောင်မီလေးရဲ့ ခြေဖဝါးလေးတွေက နူးညံ့လွန်းတယ်။ ရံဖန်ရံခါ မြေပြင်ပေါ်မှာ ချွန်ထက်တဲ့ သစ်ကိုင်းတွေ ကျောက်တုံးတွေ ရှိနေလိမ့်မယ်။ အဲ့အရာတွေကိုနင်းမိရင် သေချာပေါက် ခြစ်ရာတွေ ရသွားမှာ သေချာတယ်။

အခုပဲ ရှောင်မီလေးသည် တစ်လမ်းလုံးပြေးလာပြီး ခြေဖဝါးတွေမှာ ဒဏ်ရာလေးတွေ အများကြီး ရှိနေတော့ လဲ့ဟွာက ရှောင်မီလေးကို မျိုးနွယ်စုဆီ ပြန်သယ်သွားချင်တယ်။ ပြီးတော့ ရှောင်မီလေးအတွက် ဖိနပ်တစ်ရံကို အမြန်ဆုံး လုပ်ပေးရမယ်။

ထို့အပြင် ဝတ်စုံတစ်စုံ ပြုလုပ်ပေးဖို့လဲလိုအပ်သေးတယ်။

ရှောင်မီလေး၏ ခန္ဓာကိုယ်ပေါ်ရှိ တိရစ္ဆာန်သားရေ အပိုင်းအစလေးသည် ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထား နိုင်ခြင်းမရှိပေ။

အတွင်းခံဘောင်းဘီ မဝတ်၍ ကွေးညွှတ်ထိုင်လိုက်ပါက တိရစ္ဆာန်သားရေအောက်မှာ လစ်ဟာနေကာ သီးသန့်နေရာလေးကို​ ထုတ်ဖော်ပြသနေသည်။

ရှောင်မီလေးရဲ့ ပန်းကလေးနဲ့ ဌက်ငယ်လေးကို orc တွေဘယ်လောက်များက မြင်ဖူးပြီးလဲ မသိနိုင်ဘူး။

ဒါကိုတွေးပြီး လဲ့ဟွာ ခဏလောက် ကူကယ်ရာမဲ့သွားပြီး သူ့အင်္ကျီကို အမြန်ချွတ်ကာ ရှောင်မီလေးကို ဝတ်ဆင်ပေးလိုက်တယ်။

ထို့နောက် လဲ့ဟွာက ရှောင်မီလေးကို ပုခုံးပေါ် ပွေ့တင်ကာ သူ့ဂုတ်ပေါ်တွင် စီးစေပြီး နှစ်ယောက်သား ပျော်ရွှင်စွာ မျိုးနွယ်စုသို့ ပြန်သွားကြသည်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now