Chapter:9

746 125 9
                                    


Chapter:9 သူ့ orcလေးကို ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး!

ဒီကလေးက ရုတ်တရက် သနားစရာကောင်းစွာငိုနေတာကို မြင်တော့ လဲ့ဟွာက ကောင်လေးကို ​သူ့ရင်ခွင်ထဲပွေ့ဖက်လိုက်တယ်။ " မျိုးနွယ်ထဲမှာ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်တာလား? "

ရှောင်မီလေးက အဲဒီလူရဲ့လက်မောင်းကို မှီကာ ငိုကြွေးနေရင်း ပြတ်တောင်းပြတ်တောင်း ပြောကြားတယ်။ " ရိုက်တယ်... Mi..zai... "

လဲ့ဟွာက တုန်တုန်ယင်ယင်ဖြစ်နေသော ခန္ဓာကိုယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း " နောင်မှာ ကိုယ်နဲ့အတူရှိရင် မင်းကိုဘယ်သူမှ အနိုင်ကျင့်နိုင်မှာမဟုတ်ဘူး " ဟုပြောလိုက်တယ်။

လဲ့ဟွားဟာ ကျွမ်းကျင်တဲ့ကိုယ်ခံပညာ လေ့ကျင့်မှုကို သင်ယူခဲ့ပြီး ရန်သူဆယ်ယောက်လောက်ကို တစ်ပြိုင်တည်းတိုက်ခိုက်တာက သူ့အတွက် ပြဿနာမဟုတ်ဘူး။

ပြဿနာက သူ့ကလေးလေးကို အနိုင်ကျင့်ရဲတဲ့သူ မျိုးနွယ်စုမှာ ရှိသေးရင် တယောက်ပြီး တယောက် ရိုက်နှပ်ဆုံးမလိမ့်မယ် " ရှောင်မီ မင်းရဲ့မျိုနွယ်ဆီ ကိုယ့်ကိုခေါ်သွားပေး။ ကိုယ် မင်းအတွက် သင်ခန်းစာ ပေးမယ် " အရင်က ရှောင်မီလေးကို အနိုင်ကျင့်ခဲ့တဲ့ သူတွေကို လဲ့ဟွားက သူတို့ထဲက တစ်ယောက်မှ လွှတ်ပေးမှာ မဟုတ်ဘူး။

ရှောင်မီလေးသည် သူ့စိတ်ထဲတွင် ကြောက်လန့်နေပြီး ထိုလူများက သူ့ကို နောက်တစ်ကြိမ် ကျောက်ခဲနှင့် ပစ်ပေါက်မည်ကို စိုးရိမ်သဖြင့် မျိုးနွယ်သို့ ပြန်သွားရန် သတ္တိမရှိပေ။

လဲ့ဟွာသည် ခေါင်းငုံ့ကာ ရှောင်မီလေး၏ ဆံပင်ထိပ်လေးကို နမ်းလိုက်သည်။ " ကိုယ့်ကိုယုံနော် ကိုယ်မင်းကို ကာကွယ်ပေးမယ် "

ရှောင်မီလေးက ထိုယောက်ကျားကို ကြည့်ဖို့ သူ့ခေါင်းကိုမြှောက်လိုက်ပြီးသူ့မျက်လုံးတွေက တဖြည်းဖြည်း စိုလာခဲ့တယ်။ နောက်ဆုံးတော့ သူ့ကို အကာအကွယ်ပေးနိုင်တဲ့ အထီးတစ်ကောင်ကို ရှာတွေ့ပြီး။

ရှောင်မီလေးသည် ထိုယောက်ျား၏ ကျယ်ပြန့်သော ရင်ဘတ်တွင် သူ၏ ခေါင်းလေးကို မြှုပ်နှံကာ ပွတ်သပ်နေလိုက်သည်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now