Chapter:7

750 123 2
                                    




Chapter:7 ရှောင်မီ မင်ဒဏ်ရာရလာတာလာ?

လဲ့ဟွာသည် အရိုးများပင်မရှိသလိုနူးညံ့ပျော့ပြောင်းသော ခန္ဓာကိုယ်လေးကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ မျက်လုံးမှိတ်ကာ အိပ်ရန်ပြင်လိုက်သည်။

သို့သော် သူကမြေပြင်ပေါ်တိုက်ရိုက်အိပ်တာကြောင့် သူအိပ်ပျော်ခါနီးမှာ
မြေပြင်ပေါ်ရှိပိုးကောင်တွေက သူ့ခန္ဓာကိုယ်ပေါ် တွားသွားပြီး သူ့အဝတ်တွေအောက်ကို ရောက်သွားကာ သူက ကုတ်မိတာကြောင့်ခြစ်ရာတွေ ဖြစ်ကုန်ပြီး ခြင်တွေလဲ အများကြီးရှိတာကြောင့်၊ ဒီညတော့လဲ့ဟွားက ကောင်းကောင်းမအိပ်ရဘူး။

ရှောင်မီလေးသည် ထိုယောက်ျား၏ ရင်ဘတ်ပေါ်တွင် လှဲလှောင်ရင်း ဟောက်ပင် ဟောက်နေသည်။
" ခူးးး...ဟူး... "

လဲ့ဟွာက ကောင်လေး ခြင်ကိုက်ခံရမှာကို စိုးရိမ်သဖြင့် ခြင်မကိုက်အောင် သူ့ကုတ်အင်္ကျီဖြင့် တစ်ကိုယ်လုံးကို ခြုံပေးလိုက်သည်။

လဲ့ဟွာက ထိုကောင်လေးကို ဘာကြောင့်ဒီလိုဂရုစိုက်ပေးနေမိလဲမသိဘူး။ ဒီ orc သေးသေးလေးက အရမ်းနုနယ်လွန်းပြီး လူတွေရဲ့ကာကွယ်ပေးချင်လိုတဲ့ဆန္ဒကို အလွယ်တကူ နှိုးဆွပေးနိုင်တာကြောင့် ဖြစ်နိုင်တယ်။

နောက်တစ်နေ့တွင် သူ့ခန္ဓာကိုယ်ပေါ်သို့ ပထမဆုံးသော နံနက်ခင်းအလင်းရောင် ဖြာကျလာသောအခါ လဲ့ဟွာသည် နာကျင်နေသော မျက်ခွံများကို ဖွင့်လိုက်သည်။ ထိုညတွင် သူကောင်းကောင်းအိပ်မပျော်ဘဲ ခေါင်းကိုက်ကာ လည်ချောင်းများ ခြောက်ကာယားယံနေခဲ့သည်။

လဲ့ဟွာက သူ့လေးလံနေသော ခေါင်းကိုကိုင်ကာ ထထိုင်လိုက်သည်။

သူ့ရင်ခွင်ထဲတွင် အိပ်ပျော်နေသော ရှောင်မီလေးသည် သူ့လှုပ်ရှားမှုကြောင့်လန့်နိုးသွားသည်။

လဲ့ဟွာက သူ့ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်လိုက်ပြီး " ရှောင်မီ ကိုယ်အအေးမိသွားတာဖြစ်မယ် "

သူ့ငှက်ဖျားက မသက်သာသေးသလို သူ့ခန္ဓာကိုယ်ရဲ့ ခုခံနိုင်စွမ်းအားကလည်း အားနည်းနေသေးသည်။
မနေ့ညက သူရေအေးနှင့် ရေချိုးလိုက်တာကြောင့် သူ့အခြေအနေကိုပိုဆိုးသွားစေတယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Donde viven las historias. Descúbrelo ahora