Chapter:31

639 110 15
                                    

*****

Unicode

*****

Chapter:31 မင်းကိုယ့်ကို စိတ်ဆိုးနေတာလား?

*****

မီကျိုက်က သူ့ကို လျစ်လျူရှုနေတာကို မြင်တော့ လဲ့ဟွာက စိုးရိမ်တကြီးနဲ့ မီကျိုက်လေးရဲ့ ခန္ဓာကိုယ်လေးကို သူ့ဘက် ဆွဲလှည့်လိုက်ပြီး မေးတယ်။

" ကိုယ့်ကို စိတ်ဆိုးနေတာလား? "

မီကျိုက်က စောင်ပေါ်တွင် ကျောခင်းနေရင်း သူ​လေး၏ ဖြူဖွေးနူးညံ့သော ဝမ်းဗိုက်လေးကို ဖော်ပြထားကာ ထိုယောက်ျားအား သနားစဖွယ် မျက်လုံး​လေးများဖြင့် ကြည့်ကာပြောလေတယ်။

" လျက်ပေး...."

orcs များသည် တစ်ဦးနှင့်တစ်ဦးကြား ဆက်ဆံရေး ကောင်းကြောင်း ဖော်ပြရန် အချင်းချင်း ဒဏ်ရာများကို လျှာဖြင့် လျက်​ပေးလေ့ရှိသော်လည်း ထိုယောက်ျားက သူ့ဒဏ်ရာကို မလျက်ပေးချင်ဘူး။

လဲ့ဟွာက မီကျိုက်လေး၏ ခေါင်းမာမှုကို မခုခံနိုင်တော့ဘဲ နောက်ဆုံးတွင် လျက်ပေးလိုက်ရတော့သည်။

သူ့ အမာရွတ်ပေါ် လှည့်ပတ်ရွှေ့လျားနေသော ထိုယောက်ျား၏လျှာကို မြင်လိုက်ရတော့မှ မီကျိုက်လေး၏ စိတ်အခြေအနေမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။

သို့သော် မီကျိုက်လေး၏ ဗိုက်ကလေးသည် ထိလွယ်ရှလွယ်သော နေရာတစ်ခုဖြစ်ပြီး ထိုယောက်ျား ကလိထိုး နေသလို ခံစားနေရသော်လည်း မီကျိုက်သည် ထိုယောက်ျားကို တွန်းထုတ်ရန် ဝန်လေးနေသဖြင့် သူလေး၏ လက်သီးလေးများကိုသာ ဆုပ်ကိုင်ကာထိန်းထား နိုင်ခဲ့သည်။

လဲ့ဟွာ ခေါင်းမော့ကြည့်လိုက်တော့ မီကျိုက်ရဲ့ မျက်နှာလေး နီရဲလာတာကို မြင်လိုက်ရတော့ ထူးထူးခြားခြား မေးလာတယ်။

" ဘာဖြစ်လို့လဲ? "

မီကျိုက်လေးက ခေါင်းလေးငုံ့ကာ ထိုယောက်ျားကို ကြည့်ပြီး ဖြူစင်သော ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ရယ်မောလာတယ်။

" ခစ်... ခစ် "

လဲ့ဟွာကလည်း ပြုံးလိုက်ပြီး မီကျိုက်လေးကို စောင်ထဲကနေ ကောက်ပွေ့လိုက်တယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now