Chapter:34

422 59 1
                                    


(Unicode)

Chapter:34 ...အနံ့ခံခြင်း....

......

လဲ့ဟွာက သူ့အလုပ်ပြီးသွားတော့ အပြင်မှာဆွဲထားတဲ့ သူ့အတွင်းခံဘောင်းဘီကို ဝတ်ဖို့ ကြံစည် တဲ့အခါ သူ့အတွင်းခံဘောင်းဘီတို​လေး ပျောက်ဆုံးနေတာကို တွေ့လိုက်ရတယ်။

လဲ့ဟွာက လေတိုက်လို့ လွင့်ထွက်သွားတယ်လို့ ထင်တဲ့အတွက် ပတ်ဝန်းကျင်ကို လိုက်ရှာပေမယ့် ရှာမတွေ့ခဲ့ဘူး။ ဒါက ခိုးခံထိသွားပြီလားလို့ သူက တွေးလိုက်မိတယ်။

ဒါပေမယ့် သူ မမျှော်လင့်ထားတဲ့ အရာကတော့ သူ့ အတွင်းခံ ခိုးယူသွားတဲ့ သူခိုးလေးဟာ သူ့ နှာခေါင်းအောက်မှာ ရှိနေတာပါဘဲ။

လဲ့ဟွာသည် ယခုအချိန်တွင် အနည်းငယ် စိတ်ဓာတ်ကျနေသည်။ သူ၏ တစ်ခုတည်းသော အတွင်းခံလေးမှာ ပျောက်ဆုံးသွားပြီးဖြစ်လို့ ယခုဆို သူ အမှန်တကယ်ကို တွဲလောင်လေး လမ်းလျှောက်ရတော့မည် ဖြစ်သည်။

" ကျိုက်ကျိုက် ကိုယ့်အတွင်းခံဘောင်းဘီကို ဘယ်သူယူသွားတာလဲ တွေ့မိသေးလာ? " လဲ့ဟွားသည် အဲဒီအချိန်က တံခါးဝမှာ ကစားနေတဲ့ မီကျိုက်လေးကို သတိရသွားတယ်။ တကယ်လို့ တခြား orcs တွေသာ ဖြတ်သွားရင် မီကျိုက်လေး မြင်ခဲ့မှာသေချာတယ်။

မီကျိုက်လေးက သူမမြင်ကြောင်း ဖော်ပြရန် သူ့ခေါင်ကလေးကို ခါယမ်းလိုက်တယ်။

လဲ့ဟွာက သူ့ခေါင်းကိုကုတ်လိုက်ပြီး။

" ဒါက ထူးဆန်းလိုက်တာ "

ရှာမတွေ့မှတော့ ထားလိုက်ပါတော့။

လဲ့ဟွားက မီကျိုက်လေးကို အိမ်ထဲကို ခေါ်လာလိုက်ပြီး ညစာအတွက် အစားကို စတင်ချက်ပြုတ်လိုက်လေတော့သည်။

မီကျိုက်လေးသည် ထိုလူ၏ ကျောပြင်ပေါ်တွင် မှီကာ အိုးထဲရှိ အသားများ မွှေနေတာကို စောင့်ကြည့်နေခဲ့သည်။

အဲဒီလူရောက်လာပြီးကတည်းက မီကျိုက်လေးက နေ့တိုင်း အသားတွေစားရပြီး အစားအသောက် တွေကလည်း အရမ်းတိုးတက်လာတယ်။ စားပြီးရင်လည်း မီကျိုက်က ဘာမှလုပ်စရာ မလိုတော့ဘူး။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now