Chapter:1

1.7K 173 2
                                    

Chapter:1 Orcငယ်လေးနှင့်တွေ့ဆုံခြင်း

လဲ့ဟွားသည် ကျော်ကြားတဲ့စာတမ်းများစွာကို ထုတ်ဝေခဲ့သော လူသိများသည့် ရှေးဟောင်းသုတေသနပညာရှင် တစ်ဦးဖြစ်သော်လည်း သူ့စာတမ်းများထဲမှတစ်ခုကြောင့် သူ့ကို စိတ်မနှံ့သူဟု အကဲဖြတ်ကာ ယဇ်ပလ္လင်ပေါ်မှ ရုတ်တရက် ပြုတ်ကျသွားခဲ့သည်။

ဤစာတမ်းတွင် သူသည် လူသားနှင့် တိရိစ္ဆာန်များကြားရှိ သတ္တဝါတစ်မျိုးကို အသေးစိတ်ဖော်ပြထားသည်။ ၎င်းတို့သည် တစ်ပိုင်မှာတိရစ္ဆာန်များ၏ လက္ခဏာများဖြစ်ပြီး အခြေခံအားဖြင့် လူသားများနှင့် ဆင်တူသည်။ လဲ့ဟွာသည် ဤသတ္တဝါကို orcs ဟုခေါ်ခဲ့သည်။

သူ့စာတမ်းကို ထုတ်ဝေပြီးသည်နှင့် လူထုအမြင်နှင့် ဝေဖန်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ပညာရေးအသိုင်းအဝန်းမှ သက်ကြီးရွယ်အို အများအပြားကလည်း ထွက်ပေါ်လာပြီး လဲ့ဟွားသည် စိတ်ကူးအိပ်မက်များကို လက်တွေ့အဖြစ် ခံယူနေသည်ဟု ဆိုကြသည်။

ပြင်ပကမ္ဘာက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ လဲ့ဟွားက ဒါကိုအလေးအနက်မထားဘဲ သူများတွေ သူ့ကို မယုံလည်း ကိစ္စမရှိဘူး၊ ဘာပဲဖြစ်ဖြစ် သူ့ပေါင်းပေ့က ချစ်ဖို့ကောင်းတဲ့ orc လေးမို့လို့ သူကိုယ်တိုင် အခိုင်အမာ ယုံကြည်တယ်။

အီးမေးလ်များစွာကို ဖတ်ရှုပြီးနောက် လဲ့ဟွာက သူ့လက်ပ်တော့ပ်ကို အေးအေးဆေးဆေးပိတ်ကာ ကော်ဇောပေါ်တွင် လဲလျောင်းနေသော သားမွေးဘောလုံးနှင့် ကစားနေသော orc လေးကို ကြည့်လိုက်သည်- " Zai Zai ဒီကိုလာပြီး မင်း ခင်ပွန်းကို ချစ်ဖို့ကောင်မှုတွေပြပါဦး "

orc လေးသည် နာခံမှုရှိစွာ ရွေ့လျားလာပြီး ပါးစပ်လေးကိုညှစ်ကာ နှုတ်ခမ်း​လေးစူပြီး ချစ်စရာကောင်းစွာ ပြုမူသည်။

...

လဲ့ဟွားသည် ပျောက်ဆုံးသွားသောယဉ်ကျေးမှုများကိုရှာဖွေရန်အတွက် လူသားများ ခြေချခြင်းမရှိသော တောတွင်းရှာ​ဖွေရေးအဖွဲ့နောက်သို့လိုက်ပါခဲ့ပြီး Orcလေးနှင့်တွေ့ဆုံမှုသည် လွန်ခဲ့သောနှစ်အနည်းငယ်ကစတင်ခဲ့သည်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now