Chapter:15

777 162 9
                                    

*****

Unicode

*****

Chapter:15 Zai Zai ကိုယ့်ကို ဒီမှာ စောင့်နေနော်!

*****

Huzai ကိုကြောက်သွား၍ လဲ့ဟွာသည် အိပ်ရာမှထကာ ညနက်သန်းခေါင်တွင် အခြားအရာတစ်ခုခု ချိုးဖျက်လာဝင်မှာ စိုးရိမ်ပြီး သူသည် အလွန်ခိုင်ခံ့မှုမရှိသော သစ်သားတံခါးကို သော့ခတ်လိုက်တယ်။

တံခါးသော့ခတ်ပြီးနောက် လဲ့ဟွာသည် တိရိစ္ဆာန်သားရေပေါ် ပြန်အိပ်ကာ သူ့ဘေးမှာ အိပ်နေဆဲဖြစ်သော ရှောင်မီလေးကို ကြည့်လိုက်တယ်။

ဝိုးတိုးဝါးတားဖြစ်နေသော လရောင်သည် ပြတင်းပေါက်မှတစ်ဆင့် ဖြာကျလာပြီး ရှောင်မီလေး၏ ခန္ဓာကိုယ်လေးပေါ်သို့ ကျရောက်နေသည်။

ရှောင်မီလေးသည် ကြောက်ရွံ့ထိတ်လန့်နေသော သားရဲငယ်လေးကဲ့သို့ ကွေးကွေးလေး အိပ်ပျော်နေတယ်။ သူ့ကိုယ်သူ ကာကွယ်ရန် ဤကိုယ်ဟန်အနေအထားကို အသုံးပြုထားတယ်။ ဒါက လူတွေကို စိုးရိမ်သောက ဖြစ်စေတယ်။

​ရှောင်မီလေးသည် လဲ့ဟွား၏ အနည်းငယ် ညစ်ပတ်နေသည့် ယူနီဖောင်း ကုတ်အင်္ကျီကို ဝတ်ထားဆဲဖြစ်သည်။ ရှောင်မီလေး၏ ခန္ဓာကိုယ်က သေးသေးလေးဖြစ်၍ လဲ့ဟွာရဲ့ ကုတ်အကျီက သူ့ကို လုံးလုံးလျားလျား ဖုံးအုပ်နေပြီး ဒီပုံစံလေးက အရမ်းချစ်စရာကောင်းနေတယ်။

လဲ့ဟွာက စက္ကန့်အနည်းငယ်မျှသာ သဘောကျခဲ့တယ်။ ဆိုလိုသည်မှာ သူက အလျင်စလို အကြည့်လွှဲကာ အဝေးကို လှမ်းကြည့်ပြီးနောက် အမြန်လှဲချလိုက်သည်။

ဒီညက သိသိသာသာ ပူနေပြီး သူ့လည်ချောင်းတွေက ခြောက်ကပ်နေတယ်။ သူက သူ့တံတွေးကို မျိုချရုံမှတစ်ပါး မထိန်းနိုင်ခဲ့ဘူး။ ​​အခု လဲ့ဟွာက လုံးဝ အိပ်မရတော့ဘူး။ သူ့စိတ်ထဲမှာ ပန်းကလေးတွေနဲ့ပြည့်နှက်နေပြီး သူတစ်ညလုံး အထိန်း အကွပ်မဲ့ တွေးနေမိတယ်။

မတိုင်ခင် Huzai ပြောတဲ့ အမတစ်ပိုင်း ဆိုတဲ့အကြောင်း တွေးမိလိုက်တယ်။ လဲ့ဟွားက Mizai လေးကို ကောင်ငယ်လေးလို့သာ အမြဲတွေးထားတယ်။ ဘာလို့ဆို သူက Mizai ၏ ခန္ဓာကိုယ်ကို မြင်ဖူးတာကြောင့် Mizai သည် အမှန်တကယ်ပင် ကောင်ငယ်လေးတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now