Chapter:36

620 74 5
                                    

(Unicode)

*******

Chapter:36 မီကျိုက်! ဘာလို့ထွက်ပြေးတာလဲ?

*******

မီကျိုက်လေးက ပျောက်သွားပြီးဖြစ်သည်။

လဲ့ဟွာက မီကျိုက်လေးသည် တောထဲသို့ ပြေးဝင်သွားလိမ့်မည်ဟု မှန်းဆခဲ့သည်။ သူသည် မီးတုတ်တစ်ချောင်းကို အမြန်ကိုင်ကာ မီကျိုက်လေးအာ တောတွင်း နေရာအနှံ့တွင် ရှာဖွေလေတော့သည်။

ထိုအချိန်တွင် မီကျိုက်လေးသည် တောတွင်းထဲက စိုစွတ်သောသစ်ပင် အခေါင်းပေါက်လေးတစ်ခုတွင် စုစုလေးကွေးနေပြီး ထိုနေရာတွင် တစ်ညတာအိပ်ကာ အစာရှာရန် မိုးလင်းသည့်တိုင်အောင် စောင့်နေလေသည်။

သစ်ခေါင်းပေါက်မှာ ရေတွေယိုပြီး စိုစွတ်နေတာကြောင့် အိပ်ရတာ အဆင်မပြေဘူး။ မီကျိုက်လေးက အဲဒီလူရဲ့ နွေးထွေးကျယ်ပြန့်တဲ့ ရင်ခွင်တစ်စုံကို မတွေးတောပဲ မနေနိုင်ဘူး။

ထိုယောက်ျား၏ ရင်ခွင်၌ အိပ်စက်ပါက အေးချမ်းစွာ အိပ်နိုင်သော်လည်း ထိုယောက်ျားက သူ့အဖော် မဖြစ်ချင်သောကြောင့် ထိုယောက်ျားကို စွန့်လွှတ်ကာ အခြားအဖော်တစ်ယောက်ကို သူရှာရတော့မည်ဖြစ်သည်။

လဲ့ဟွာက မီကျိုက်လေးကို တညလုံးလိုက်ရှာပေမယ့် ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး။ ဘာလို့ဆို ပထမအချက်အနေနဲ့ တောကြီးက အရမ်းကြီးမားကျယ်ပြန့်တာကြောင့်ဖြစ်ပြီး။ ဒုတိယကတော့ အရမ်းမှောင်မိုက်နေတာကြောင့် လူရှာရတာအဆင်မပြေဘူး။

မိုးလင်းလာတဲ့အချိန်အထိ လဲ့ဟွာသည် တောထဲတွင် မီကျိုက်လေး၏ နာမည်ကို အော်ခေါ်ကာ လှည့်လည်ရှာဖွေဆဲဖြစ်သည်။ ထို့ကြောင့် သူ့လည်ချောင်းများပင် အက်ကွဲလုနီးပါး ဖြစ်နေလေသည်။

တကယ်လို့ သူသာ လိုက်မရှာရင် မီကျိုက်လေးမှာ အန္တရာယ်တစ်ခုခုဖြစ်နေမှာ သူစိုးရိမ်တယ်။

လဲ့ဟွာသည် သူ၏ပါးစပ်နားမှာ လက်ကိုတင်ပြီး လော်စပီကာလို တိတ်ဆိတ်သော တောထဲတွင် ကျယ်လောင်စွာအော်ဟစ်ရှာဖွေနေလေသည်။

" မီကျိုက်!..."

စိုစွတ်အေးစက်သော သစ်ပင်အခေါင်းပေါက်တွင်း၌ တစ်ညလုံး ပုန်းနေသည့် မိကျိုက်လေးသည် ထိုလူ၏ ခေါ်သံကို ကြားလိုက်ပုံရသည်။ သူက ထိုလူကို အလိုလို တုံ့ပြန်ချင်သော်လည်း အားနည်းသော တိရိစ္ဆာန်ငယ်၏ ညည်းညူသံ တိုးတိုးလေးသာ သူ့လည်ချောင်းမှ ထွက်လာသည်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now