Chapter:25

816 148 5
                                    


*****

Chapter:25 နှုတ်ခမ်းလေးဖူးယောင်နေတယ်!

*****

ရှောင်မီလေးက အိပ်ပျော်နေတုန်း နှုတ်ခမ်းပေါ်မှာ ယားယံနေသလို ခံစားလိုက်ရ၍ သူလေးရဲ့မသိစိတ်က ခေါင်းလေးကို တစ်ဖက်ကို လှည့်လိုက်တယ်။

လဲ့ဟွာသည် ရှောင်မီလေး လှုပ်ရှားသွားသည်ကို မြင်လိုက်ရသဖြင့် အပြစ်စိတ်နဲ့ အမြန်နောက်ဆုတ်လိုက်တယ်။

ရှောင်မီလေး မနိုးသေးတာကို တွေ့လိုက်ရတော့ သူက စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်တယ်။

ထို့နောက် သူ့ကိုယ်သူ နှိမ့်ချစွာ ရယ်မောလိုက်မိတယ်။

သူက ရှောင်မီလေးကို ဘာမှလုပ်မည်မဟုတ်ကြောင်း ရှင်းရှင်း လင်းလင်း ပြောကြားခဲ့သော်လည်း မနေနိုင်ဘဲ အနမ်းကို ခိုးယူမိသွားတယ်။

နမ်းပြီးတာနဲ့ သူက မရပ်တန့်နိုင်တော့ဘူး။ ရှောင်မီလေးရဲ့ နှုတ်ခမ်းလေးက သူထင်ထားတာထက်ကို ပိုပြီး ချိုမြိန်နူးညံ့တယ်။ နူညံ့တဲ့ဂျယ်လီတုံးလေးတွေလိုဘဲ။

လဲ့ဟွာသည် သူ့နှုတ်ခမ်းကို သပ်လိုက်ပြီး ရှောင်မီလေးရဲ့ နှုတ်ခမ်းလေးကို ခုနှစ်စက္ကန့် ရှစ်စက္ကန့်လောက် စိုက်ကြည့်လိုက်တယ်။

သူ့စိတ်ထဲတွင် အကြာကြီးရုန်းကန်ပြီးနောက် အဆုံးတွင် ဆန္ဒသည် အကြောင်ပြချက်ကိုကျော်လွန်၍ ရှောင်မီလေးကို နောက်တစ်ကြိမ်ထပ်နမ်းလိုက်တယ်။

ပထမအနမ်းက ရှောင်မီလေးရဲ့ နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းနဲ့ထိရုံပဲ။ နက်နက်ရှိုင်းရှိုင်းမဟုတ်ဘူး။

ဒီတစ်ခေါက်ကတော့ လဲ့ဟွားက သူ့လျှာကိုပါအသုံးပြုခဲ့တယ်။ သူက ကျွမ်းကျင်မှုမရှိသောကြောင့် ရှောင်မီလေးရဲ့ နှုတ်ခမ်းကို အမှတ်တမဲ့ ကိုက်လိုက်မိတယ်။

ရှောင်မီလေးရဲ့ နှုတ်ခမ်းလေးက အရမ်းကို ချိုမြိန်လွန်းတယ်။ လဲ့ဟွားသည် သကြားလုံးများကို မကြိုက်သော် ရှောင်မီလေးရဲ့ နှုတ်ခမ်းမှ ချိုမြိန်မှုကို သဘောကျကာ စားရတာ လုံလောက်မှုမရှိသလို ခံစားရတယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now