Chapter:26

789 136 23
                                    


*****

Unicode

*****

Chapter 26: မီကျိုက်ကလူကြီးရဲ့ဒဏ်ရာကိုကူညီပေးချင်တာ!

*****

လဲ့ဟွာက ရှောင်မီလေးရဲ့ခေါင်းကလေးပေါ် သူ့လက်ကိုတင်ကာ ပွတ်သပ်လိုက်ပြီးမေးတယ်။

" နေမကောင်းဘူးလား? "

ရှောင်မီလေးက ခေါင်းလေးကို ငုံ့ကာ မြေကြီးကို သူ့လက်ချောင်းလေးတွေနဲ့ ဆက်တူးနေပြီး မပျော်မရွှင်ဖြစ်နေတယ်။

စောစောက သူက ထိုယောက်ကျားရဲ့ ဒဏ်ရာကို ကူပေးချင်သော်လည်း ထိုယောက်ျားက သူ့ကို လျက်ခွင့်မပေးတာကြောင့် ရှောင်မီလေးက ဝမ်းနည်းနေတယ်။

ရှောင်မီလေး ခံစားချက်မကောင်းတာကို လဲ့ဟွာမြင်တော့ သူ့နောက်ကို လိုက်လာပြီး မေးတယ်။

" ဘာဖြစ်လို့လဲ? မပြောရင် ကိုယ် မင်းအတွက် အသားလုံးလုပ်မပေးဘူးနော် "

မနေ့ နေ့လည်ခင်း ကတည်းက ရှောင်မီလေးက ဗိုက်အရမ်းဆာနေတာ။ သူက တစ်နေကုန် နောက်ထပ် ဗိုက်မဆာချင်တော့ဘူး။ ဒါကြောင့် သူ့စိတ်ထဲမှာ ရှိနေတဲ့ အရာကို ထိုယောက်ျားအား နာခံစွာ ပြောပြရုံသာ တက်နိုင်တယ်။

" မီကျိုက်က...လူကြီးကို ကူညီပြီး လျှက်ပေးချင်တာ "

လဲ့ဟွာက နားလည်ရန်ခတ်နေသောပုံဖြင့် မေးတယ်။ " ဘာကို လျှက်ချင်တာလဲ? "

လဲ့ဟွားက မရိုးဖြောင့်စွာ တွေးရင်း မီကျိုက်က လော်လီပေါ့ကို စားချင်တာလားလို့ တွေးမိတယ်။ မတိုင်ခင် မီကျိုက်က သူ့ကို အမှတ်အသား တောင်းခဲ့တာမို့ လော်လီပေါ့ကို စားချင်တာတော့ မဖြစ်နိုင်ဘူး။

ဒါဆို....

မီကျိုက်၏ အဓိပ္ပါယ်ကို နားလည်မှုလွဲပြီးနောက် လဲ့ဟွာ၏ အသက်ကြီးပိုင်း မျက်နှာသည် အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့် လူငယ်လေးတစ်ဦးကဲ့သို့ နီမြန်းကာ ရှက်ရွံ့သွားတယ်။ သူက စကားထစ်ကာ အကျယ်ကြီး ပြောတယ်။

" ကျိုက်...ကျိုက်... အဲ့..အဲ့တာက မင်းစားဖို့ အရမ်းကြီးနေတယ် " (#ဘာကြီးတာလဲ? ဘာကြီးတာလဲ? သူအချိန်တိုင်မှောင်)

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now