Chapter:12

757 129 9
                                    

*****

Unicode

*****

Chapter:12 Mizai ကို ဘာလို့အမှတ်အသားမပြုတာလဲ?

*****

Hu Zai က လဲ့ဟွာကို အမှန်တကယ် စိတ်ဝင်စားနေပြီး လဲ့ဟွာကိုပင် လျှို့ဝှက်စွာ မျက်စပစ်ပြနေသည်။

Hu Zai သည် ရှောင်မီလေးနှင့် တစ်ဝက်ခန့်ပင် မယှဉ်နိုင်သော်လည်း ရှောင်မီလေးသည် ရိုးစင်နုံအလွန်းပြီး အပြစ်ကင်းစင်ကာ အထီးများကို နှစ်သက်အောင် မည်သို့လုပ်ရမည်ကို မသိပေ။

သို့သော် Hu Zai သည် အထီးများကို ဆွဲဆောင်တာ အလွန်တော်သည်။

Hu Zai သည် သူ၏ ဆွဲဆောင်မှုကို အလွန်ယုံကြည်မှုရှိပြီး သူ့ခန္ဓာကိုယ်ကို ထိမိသူတိုင်း သူ့ကို စွဲလမ်းနေမည်ဟုသူခံစားရသည်။

Hu Zai သည်ရှေ့နှစ်လှမ်းလှမ်းပြီး ခေါင်းဆောင်ရှေ့တွင်ပင် လဲ့ဟွာ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။

သူသည် သူ့ကို စိတ်အားထက်သန်စွာ ပြောနေပုံရသော်လည်း အမှန်တကယ်တွင် သူက သူ့ကို ရည်ရွယ်ချက်ရှိရှိ ဖြားယောင်းနေသည်။

" Mizai နဲ့ဝေးဝေးနေဖို့ ခင်ဗျားကို ကျတော်အကြံပေးတယ် "

လဲ့ဟွားက မျက်မှောက်ကြုတ်လိုက်ပြီး သူ့မျက်နှာတွင် စက်ဆုပ်မှုအပြည့်နဲ့ Huzai ၏ လက်ကိုဆွဲဖယ်လိုက်တယ်။

" မင်တို့ ငါနဲ့Mizaiရဲ့ အဝေးမှာနေသင့်တယ် "

လဲ့ဟွားသည် သန်မာပြီး အင်အားကြီးပေမယ့် Huzai ကဲ့သို့ လူမျိုးကို မနှစ်သက်ဘဲ ဖြူစင်ပြီး အပြစ်ကင်းတဲ့ ရှောင်မီလေးကိုသာ သဘောကျတယ်။

လဲ့ဟွာ၏ စက်ဆုပ်နေသော စကားလုံးများကို ကြားသော်လည်း HuZai သည် လုံးဝမရှက်ခဲ့ပေ။

လဲ့ဟွားသည် Mizai ကို အမှတ်အသား မပြုရသေးပေ။ ဆိုလိုသည်မှာ လဲ့ဟွားသည် အဖော်မရှိသော တစ်ကိုယ်တည်းအထီး ဖြစ်သည်ဟု အဓိပ္ပါယ်ရသည်။ Huzai က သူ့မှာ အခွင့်အရေး ရှိတယ်လို့တောင် ခံစားရတယ်။

HuZai က မီဇိုင်းကို တစ်ချက်ကြည့်လိုက်ပြီး " မင်းအမှတ်အသားမရှိသေးဘူး! " လို့ အဓိပ္ပါယ် အပြည့်နဲ့ပြောတယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now