Chapter:21

690 146 9
                                    

*****

Unicode

*****

Chapter:21 မီကျိုက်လေး နောက်ယောက်ျား ရှာတော့မယ်!

******

ဟိုင်ယောင်သည် ဤမျိုးနွယ်စုတွင် သြဇာအရှိဆုံးသော အထီးဖြစ်သည်။ သူသည် မီကျိုက်ကို အမှန်တကယ် ပိုင်ဆိုင်ချင်ပေမယ့် လဲ့ဟွာကို အနိုင်ယူနိုင်မယ်လို့တော့ မသေချာဘူး။ သို့သော် သူ၏ အပေါင်းအဖော်များ၏ လှုံ့ဆော်မှုကြောင့် သူသည် လဲ့ဟွာနှင့် တိုက်ခိုက်ရန်သွားလိုခဲ့သည်။

ထိုတစ်ချိန်တည်းမှာပင် တစ်ဖက်တွင် လဲ့ဟွာသည် ဖမ်းမိခဲ့သော သားကောင်များကို စီမံဆောင်ရွက်နေသည်။ ကြက်နှင့်တူသော ​မြေသားရဲနှစ်ကောင်၏ ခြေကျင်းဝတ်များတွင် စပျစ်နွယ်ပင်များဖြင့် ချည်နှောင်ကာ ဥဥရန်အတွက် အိမ်တွင် ချုပ်နှောင်ထားလိုက်သည်။

နောက်ထပ် မီးခိုးရောင်ရက်ကွန်းသားရဲကို လဲ့ဟွာက အရေခွံခွာပြီး အတွင်းအင်္ဂါများကို ဖယ်ထုတ်ကာ ဓားနဲ့ အတုံးသေးသေးလေးတွေ လှီးဖြတ်ပြီး သံအိုးငယ်လေးထဲမှာ ပြုတ်ထားတယ်။ ဒီအိုးသေးသေးက ရှောင်မီလေးကို ရေချိုးပေးတုန်းက ရေနွေးတည်ဖို့ အသုံးပြုခဲ့တဲ့အိုးဘဲ။

လဲ့ဟွာ အလုပ်များနေချိန်တွင် ရှောင်မီလေးသည် သူ့ဘေးတွင် တချိန်လုံး ထိုင်နေတယ်။ ထိုလူ၏ လက်ထဲတွင် သေးငယ်သော ဓားသည် အဖြူရောင်အလင်းတဖျက်ဖျက် တောက်ပနေသည်ကို မြင်လိုက်ရတော့ သူက စူးစမ်းချင်စိတ်လေးနဲ့ ရောက်လာကာ ထိုယောက်ကျား ဓားကို ချထားသောအချိန်တွင် ထိလိုက်သည်။

စိတ်ကူးထားတဲ့အတိုင်းဘဲ ပန်းရောင် လက်ချောင်း ထိပ်လေးကို ဖြတ်မိပြီး ပုတီးစေ့လို သွေးများ ထွက်လာတယ်။

ဒဏ်ရာက သေးသေးလေး ဆိုပေမယ့် ခြစ်မိတဲ့ နာကျင်ကိုက်ခဲမှု က အရမ်း ရှင်းလင်းသည်။

ရှောင်မီလေးက ခံနိုင်ရည်ရှိရှိ သူ့ကိုယ်သူ မငိုမိအောင် နှုတ်ခမ်းလေးကို တင်းတင်း ကိုက်ထားသည်။

လဲ့ဟွာသည် ရှောင်မီလေး မြေပြင်ပေါ်တွင် မလှုပ်မယှက် ငုတ်တုတ်ကလေး ထိုင်နေသည်ကို မြင်လိုက်ရသဖြင့် လှမ်းကြည့်လိုက်တယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang