Chapter:28

642 109 4
                                    

*****

Unicode

*****

Chapter:28 မီကျိုက်ကို လုယူမယ်!

*****

လဲ့ဟွာသည် အခုလေးတင် အိပ်ရာမှ နိုးလာသော မီကျိုက်လေးကို သူ့ပေါင်ပေါ်တင်ကာ ပွေ့ဖက်လိုက်ပြီး မီကျိုက်လေးအတွက် သူ့ကိုယ်ပိုင်အင်္ကျီကို ဂရုတစိုက် ဝတ်ဆင်ပေးကာ နောက်ဆုံးတွင် ခြေဖဝါး ဖြူဖြူလေးတွေကို ဖုံးကွယ်စေဖို့ ကြိမ်ဖိနပ်လေးကို ဝတ်ဆင်ပေးလိုက်တယ်။

ရှီးယန်သည် မီကျိုက်၏ အသုံး အဆောင် ပစ္စည်းများကို အမြဲလိုလို စူးစမ်းနေမိပြီး အထူးသဖြင့် သူ့ခြေဖဝါးပေါ်ရှိ ဖိနပ်တစ်ရံကိုပင်။

အဲ့တာကို orcs တွေ ၀တ်ဆင်တာ သူယခင်က တစ်ခါမှ မမြင်ဖူးပေ။

ရှီးယန်က အောက်ကိုငုံ့ပြီး မီကျိုက်ရဲ့ ကြိမ်ဖိနပ်လေးကို ထိဖို့ ကြိုးစားလိုက်တယ်။

လဲ့ဟွာ၏ လျင်မြန်သော မျက်လုံးများနှင့် လျင်မြန်သော လက်များသည် လေထုထဲတွင် လျင်မြန်စွာ လှုပ်ရှားလာကာ သူ့လက် ဖမ်းကိုင်လိုက်ပြီး အေးစက်သော လေသံဖြင့် " မင်း ဘာလုပ်တာလဲ? " လို့ မေးလိုက်တယ်။

" မီကျိုက်ရဲ့ ခြေထောက်မှာ ဝတ်ထားတာက ဘာကြီးလဲ? "

ရှီးယန်က လှည့်ကာ လဲ့ဟွား ခြေထောက်၌ ဝတ်ထားသော တောင်တက် ဖိနပ်ကို ကြည့်လိုက်တယ်။ ဘာလို့ ခြေထောက်ကို အဲ့ဒါကြီး ဖုံးထားတာလဲဆိုတာ သူနားမလည်ဘူး။ အဲ့ဒါဝတ်ပြီး လမ်းလျှောက်ရတာ အဆင်မပြေဘူးလို့ မခံစားရဘူးလား?

လဲ့ဟွာက မီကျိုက်ကို ကောက်ပွေ့လိုက်ပြီး ဆေးကြောသန့်ရှင်ပေးဖို့ ထလိုက်တယ်။ ပြီးနောက် သူက " ဒါက ဖိနပ်။ ခြေထောက်ကို ကာကွယ်ဖို့အသုံးပြုတယ် " လို့ ပြန်ဖြေ ပေးလိုက်တယ်။

လဲ့ဟွာက ဝါးပြွန်ကို တစ်ဝက်ဖြတ်၍ ရေခွက်အဖြစ် အသုံးပြုကာ မီကျိုက်၏ ခံတွင်းကို သန့်ရှင်ရန် သွားပွတ်တံအဖြစ် သစ်ကိုင်းတစ်ခုကို အသုံးပြုခဲ့သည်။

မီကျိုက်လေးသည် ထိုယောက်ျား သန့်ရှင်းစေနိုင်ရန်အတွက် သူလေးရဲ့ နှုတ်ခမ်းထောင့်များကို ပြုံးကာ စေ့ထားပြီး နို့သွားလေးများ အားလုံးကို ပြသလိုက်တယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now