Chapter:5

806 138 4
                                    


Unicode

Chapter:5 မင်းရေမချိုးတာဘယ်လောက်ကြာပြီလဲ?

လဲ့ဟွားက ရှောင်မီလေးကို အဝေးကြီးမခေါ်ဆောင်သွားဘဲ အနီးနားက ထင်းခြောက်တချို့ကို ကောက်ယူလိုက်တယ်။

ရှောင်မီလေးသည် အလွန်ဉာဏ်ကောင်းပြီး ထိုလူကို ထင်းကောက်ရန် ကူညီပေးခဲ့တယ်။ သို့သော် သူ့လက်များသည် သေးငယ်သောကြောင့် သစ်ကိုင်းငယ်အချို့ကိုသာ ကောက်ယူနိုင်သည်။

ယခုအချိန်သည် ခြောက်သွေ့ရာသီဖြစ်ပြီး တောထဲတွင် အပေါများဆုံးအရာမှာ ထင်းခြောက်များဖြစ်သည်။

ခဏအကြာတွင် လဲ့ဟွာသည် ထင်းပုံကြီးကိုကောက်ယူကာ အလွယ်တကူသယ်နိုင်ရန် စပျစ်နွယ်ပင်များနှင့် ချည်နှောင်လိုက်သည်။ လဲ့ဟွာသည် ထင်းစည်းကို လက်တစ်ဖက်တွင် ကိုင်ထားပြီး ကျန်တစ်ဖက်နှင့် သူ့အနီးကရှောင်မီလေးကို ခေါ်ကာ " သူငယ်ချင်းလေး ကောက်စရာမလိုတော့ဘူး "  

ရှောင်မီလေးက သူကောက်လာတဲ့ အကိုင်းအခက်အားလုံးကို အဲဒီလူကို ပေးလိုက်တယ်။ အကိုင်းအခက်များသည် မီးမွှေးဖို့အတွက် အသုံးပြုရန် သင့်တော်သည်။ လဲ့ဟွာက ပြုံးပြီး ရှောင်မီလေး၏ ခေါင်းကို ပုတ်ကာ " လာ၊ စခန်းပြန်ကြစို့ "

ရှောင်မီလေးက ထိုသစ်ကိုင်းများကို သူ့ညာဖက်လက်တွင် ဆုပ်ကိုင်လိုက်ပြီး သူ၏ဘယ်ဘက်လက်ဖြင့် ထိုလူ၏ ညာလက်ကို ဆုပ်ကိုင်ရန် အစပျိုးလိုက်သည်။   

လဲ့ဟွာက နောက်ပြန်လှည့်ပြီး ကောင်လေးရဲ့ လက်ဖဝါးသေးသေးလေးတွေကို သူ့လက်ဖဝါးကြီးတွေနှင့်ဆုပ်ကိုင်ကာ နှစ်ယောက်သား လက်ချင်းတွဲပြီး အရင်နေရာဆီ ပြန်လာကြတယ်။

လဲ့ဟွာ၏ ကျောပိုးအိတ်ထဲတွင် မီးခြစ်တစ်လုံးရှိသော်လည်း ဓာတ်ငွေ့များစွာ မကျန်တော့ပေ။အသုံးမပြုမီတွင် မီးထွက်စေရန် အကြိမ်အနည်းငယ် လှုပ်ပေးလိုက်ရသည်။   

လဲ့ဟွာက မီးခြစ်နဲ့ မီးညှိလိုက်ရာ သူ့ဘေးနားက orcလေးက အံ့အားသင့်သွားတယ်။   

ရှောင်မီလေးသည် လဲ့ဟွား၏ လက်ထဲက မီးခြစ်ကို အလွန်သိချင်နေပြီး ၎င်းကိုစိုက်ကြည့်နေခဲ့သည်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now