Chapter:19

697 140 3
                                    



*****

Unicode

*****

Chapter:19 မီကျိုက်လေးကို နို့ဆေးပြားကျွေးခြင်း!

*****

မီကျိုက်​​လေးက ထိုယောက်ျားရဲ့ ပုခုံးပေါ် ခေါင်းတင်ပြီး ထိုယောက်ျားရဲ့ ညင်သာစွာ နူးနူးညံ့ညံ့​ပွတ်သပ်ချော့မြူမှုကို ခံစားရင်း " ~ ow ~ " ဟု အားပျော့သော သားရဲလေးတစ်ကောင်လို ရံဖန်ရံခါ ညည်းညူသံလေး ထွက်ပေါ်လာတယ်။

လဲ့ဟွားက ရှောင်မီလေး၏ ဦးခေါင်ထိပ်ရှိ ဆံပင်လေးကို ဖွဖွလေး ပွတ်သပ်ပေးရင်း မသိစိတ်က သူ့မျက်နှာပေါ်တွင် ချစ်မြတ်နိုးမှုများ ပြည့်နေသော အပြုံးတစ်ခု ပေါ်လာသည်။

" နာနေသေးလား? "

ရှောင်မီလေးက မနာဘူးဆိုကာကို ခေါင်းခါပြလိုက်တယ်။ အရင်းက သူ လမ်းလျှောက်နေစဥ် အတွင်းလဲကျဖူးတယ်။ လဲကျတဲ့အခါ ကိုယ့်ဟာကို ပြန်ထရတယ်။ တစ်စုံ တစ်ယောက်က သူ့ကို ချော့တာ ဒါပထမဆုံးအကြိမ်ဘဲ။

ရှောင်မီလေး၏ နှလုံးသားထဲတွင် နွေးထွေးသော ရေစီးကြောင်းလေးတစ်ခု ရှိနေပြီး သူ့ရှေ့က ထိုယောက်ျားအား ပို၍ ပို၍ပင် စွဲလန်းလာတယ်။

ထို့နောက်တွင် ရှောင်မီလေးသည် လဲ့ဟွာကို မှီတွယ်နေပြီး ထိုလူက သူ့ကို ထားသွားမည်ကို စိုးရိမ်သဖြင့် ထိုလူ့ကိုယ်ပေါ်မှ ဆင်းသွားရန် ဆန္ဒမရှိခဲ့ပေ။

လဲ့ဟွာအတွက် ဒါက အရေးမကြီးဘူး။ မီကျိုက်လေးကို သူ့ကိုယ်ပေါ်မှာ ချီထားလိုက်တဲ့အတွက် သူတို့အချင်းချင်းပိုနီးကပ်ကာ မီကျိုက်လေးကို ပိုကာကွယ်နိုင်တယ်။

မွန်းတည့်နေပြီ တကယ်လို့ အခု အမဲမလိုက်ရင် မှောင်သွားလိမ့်မယ်!

အမဲလိုက်ခြင်း မပြုမီတွင် လဲ့ဟွာသည် သူ၏ ကျောပိုးအိတ် အတွင်းရှိ ကိရိယာများကို သေချာစစ်ဆေးခဲ့သည်။

သူနှင့်အတူ သယ်ဆောင်လာသော ဓားမြှောင်အပြင် သူ့ကျောပိုးအိတ်ထဲမှာ ဓားရှည်တစ်လက်၊ သုသေသနလုပ်တဲ့အခါ တူးဖော်ဖို့ လက်ကိုင်ဂေါ်ပြာငယ်လေးတစ်ချောင်း၊ ပြန်ဆွဲနှုတ်လို့ရတဲ့ Louyang ဂေါ်ပြာ၊ သေးငယ်သော ဆောက်တစ်ချောင်း၊ ပျော့ပျောင်းသော စုတ်တံတစ်ခုနှင့် နောက်ဆုံးတွင် ခရီးဆောင်ထောက်လှမ်းနိုင်သောကိရိယာနှစ်ခု ပါရှိတယ်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now