Chapter:4

853 134 5
                                    

Chapter:4 orcသေးသေးလေးနာမည်က Xiao Mizai တဲ့!

orcငယ်လေးသည် ရေဘူးလေးနှင့် အချိန်အတော်ကြာ ကစားခဲ့ပြီး ဆူညံသံအနည်းငယ်ထွက်နေသည်။

လဲ့ဟွားက ဒီကောင်လေးကို ဘေးနားကနေ တိတ်တဆိတ် ကြည့်နေခဲ့တယ်။ သူလေးက တောတွင်းရှိ ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေမှန်း သိသာပေမယ့် ဒီကောင်လေးက မြို့ပေါ်က ကလေးငယ်တွေထက် ပိုဖြူစင်နူးညံ့တယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကတော့ အနည်းငယ် ပေတလူးလေးဖြစ်နေတယ်။

တောထဲမှာ အပြန်ပြန်အလှန်လှန် သွားလာတာက ညစ်ပတ်ဖို့လွယ်တာမှန်ပေမယ့် orcငယ်လေးကတော့ တစ်ကိုယ်လုံး ရွှံ့တွေ မြေမှုန့်တွေနဲ့ ဖုံးလွှမ်းနေပြီး ​မီးသွေးခဲလေးလို့ တစ်ကိုယ်လုံး မည်းနက်လုနီးပါးဘဲ! ရေမချိုးတာ တစ်လလောက်ရှိပြီလားမသိဘူး! (😂)

လဲ့ဟွာက orcငယ်လေးရဲ့ခေါင်းပေါ်ရှိ သစ်ရွက်တွေကို ဖယ်ရှားဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး " မင်း ဒီတောထဲမှာ တစ်ယောက်တည်း နေတာလား? မင်းကို စောင့်ရှောက်ပေးတဲ့သူမရှိဘူးလား? " လို့မေးလိုက်တယ်။

ဒီ orcသေးသေးလေးက အရွယ်ရောက်သေးပုံမရဘူး။ အရမ်ငယ်တယ်! မိခင်နားမှာဖြစ်ဖြစ် ဒါမှမဟုတ် အုပ်စုဖွဲ့ပြီးဖြစ်ဖြစ် နေသင့်တယ်။ သူတစ်ယောက်တည်းနေတာက အခြားသားရဲတိရစ္ဆာန်များ၏ စားသောက်ခြင်းကို အလွယ်တကူခံရလိမ့်မယ်။

လဲ့ဟွားက orcငယ်လေးသည် အဖွဲ့ထဲမှ ခိုးထွက်ခဲ့သည်ဟု မှန်းဆလိုက်တယ်။ ထိုကောင်ငယ်လေးက ပုလင်ကိုသာအာရုံစိုက်နေပြီး သူ့ကို လျစ်လျူရှုထားတာကိုမြင်တော့ သူက " မင်း ကိုယ်နဲ့တွေ့တာ ကံကောင်းတယ်။ မဟုတ်ရင် တခြား ရက်စက်ကြမ်းကြုတ်တဲ့ တိရိစ္ဆာန်တွေနဲ့ မင်းတွေ့ခဲ့ရင် ဘေးဥပဒ်ဖြစ်လိမ့်မယ် "

orcငယ်လေး၏အသားသည် အလွန်နူးညံ့ပြီး ၎င်းကိုလိုချင်တဲ့ တိရစ္ဆာန်များစွာရှိနိုင်သည်။

လဲ့ဟွားက အဲဒါကိုကြည့်ပြီး ထိန်းမနိုင်တော့ဘဲ သူ့လက်တွေကို ဆန့်ထုတ်ကာ orcငယ်လေးရဲ့ ပါးနှစ်ဖက်ပေါ်ရှိ ကလေးအဆီလေးများကို နှစ်ခါလောက် ခပ်ဖွဖွလေး ညှစ်လိုက်သည်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Where stories live. Discover now