Chapter:22

714 143 5
                                    


*****

Unicode

*****

Chapter:22 ဒါက ကိုယ့်အပြစ်ပါ!

*****

မီကျိုက်လေး အသားစားတဲ့အခါ သူက ပါးစပ်ထဲမှ အသားတွေကို ဂရုတစိုက်ဝါးရင်း နှစ်မြုပ်နေပေမယ့် သူလေးရဲ့ မျက်လုံးတွေကတော့ အိုးထဲကျန်နေတဲ့ အသားတွေကို စိုက်ကြည့်နေဆဲဘဲ။ သူလေးက ပန်းကန်ထဲကလည်းစားပြီး အိုးကိုလည်းကြည့်နေတယ်။

လဲ့ဟွာက မီကျိုက်က အသားစားသတ္တဝါစစ်စစ်လား မဟုတ်ရင် သူဘာလို့ အသားကို အရမ်းစားချင်ရတာလဲလို့ အံအားသင့်စွာတွေးနေမိတယ်။

အဲဒါကိုပြောရရင် ရှောင်မီလေးက ဘယ်လို သားရဲမျိုးလဲဆိုတာ သူသေသေချာချာ မလေ့လာရသေးဘူး။

ရှောင်မီလေး၏ ဦးခေါင်းထိပ်တွင် အဖြူရောင် အမွှေးဖွာဖွာရှိသော သားရဲနားရွက်တစ်စုံနှင့် တင်ပါးပေါ်ရှိ အဖြူရောင်အမြီးတို့ကို အကဲဖြတ်ကြည့်လျှင် ၎င်းသည် နှင်းမြေခွေးတစ်ကောင်နှင့် ခပ်ဆင်ဆင်တူပြီး အဖြူရောင်ပါရှန်ကြောင်နှင့်လည်း အနည်းငယ်တူသည်။

လဲ့ဟွာက မီကျိုက်လေးရဲ့ခေါင်းပေါ်ရှိ တိရစ္ဆာန်နားရွက်လေးကို ညစ်လိုက်တယ်။ နူးအိနေတာကြောင့် လူတွေက မထိဘဲမနေနိုင်ဘူး။

" ကျိုက်ကျိုက် မင်းနာရွက်လေးတွေက သိမ်းထားလို့ရလား? "

မီကျိုက်လေးရဲ့ ပါပြင်နှစ်ဖက်မှာ အသားများကြောင့် ဖောင်းကားနေပြီး စကားပြောလို့ အဆင်မပြေသဖြင့် ထုတ်ဖော်ပြောဆိုရန် ခေါင်းခါပြလိုက်တယ်။

သားရဲနားရွက်များနှင့် သားရဲအမြီးများသည် orcs များ ၏ သင်္ကေတဖြစ်ပြီး ၎င်းတို့ကို ဖယ်ထားရန်နည်းလမ်းမရှိပေ။

ထို့ကြောင့် ရှောင်မီလေးသည် တစ်ခါတစ်ရံတွင် ထိုယောက်ျားတွင် နားရွက်နှင့် အမြီးများ မရှိရခြင်းကို အံ့သြမိသော်လည်း ဤအထင်ကရ သင်္ကေတများ မရှိလျှင်ပင် ထိုယောက်ျားသည် orcs မျိုးနွယ်စုတွင် အကောင်းဆုံးအထီး ဖြစ်လာရန် တားဆီးနိုင်ခြင်းမရှိပေ။

လဲ့ဟွာ စိတ်ထဲတွင် တွေးနေသည့်အရာမှာ သားရဲနားရွက်နှင့် အမြီးကို မသိမ်းထားနိုင်ရင် မီကျိုက်လေးကို ခေတ်မီလူ့အဖွဲ့အစည်းကို ပြန်ခေါ်လာသောအခါ အခြားသူတွေကို ကြောက်စေမှာလား? အိမ်မှာဘဲ သိမ်းထားလိုက်ရမလာ?

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon