Chapter:20

686 132 6
                                    

*****

Unocode

******

Chapter:20 မီကျိုက်က ကြည့်ရတာ အရသာရှိတယ်!

******

လဲ့ဟွာက ရှောင်မီလေးကို အနည်းငယ် တိတ်ဆိတ်တဲ့ နေရာတစ်ခုဆီ ခေါ်သွားလိုက်တယ်။

ဒီနေရာက တိတ်ဆိတ်နေသင့်တယ်လို့ ထင်မိပေမယ့် အနီးနားက သစ်ပင်နောက်က ကွင်းပြင်မှာ တစ်ယောက်ယောက် တိုက်ပွဲဝင်နေတဲ့ အသံကို ကြားနေရတယ်။ ဒီ orcs ကမ္ဘာကြီးက သူထင်တာထက်ကို အများကြီး ပိုပွင့်လင်းတယ်။

လဲ့ဟွာသည် *estrus ရာသီဖြစ်မည်ဟု တိတ်တဆိတ် မှန်းဆကာ ခေါင်းငုံ့ကာ သူ့ရင်ခွင်ထဲက ရှောင်မီလေးကို ငုံ့ကြည့်လိုက်သည်။ (*သတ္တဝါများ လိင်စပ်ယှက်မှုကို လက်ခံသည့်ကာလ)

ရှောင်မီလေးကလည်း သူ့ကို မော့ကြည့်တော့ နှစ်ယောက်သားမျက်လုံးချင်းဆုံသွားကြတယ်။

ရှောင်မီလေး၏ မျက်လုံးများသည် အညစ်အကြေး သို့မဟုတ် အလိုဆန္ဒများမရှိဘဲ အလွန်သန့်ရှင်းနေသည်။

သို့သော်လည်း လဲ့ဟွာ၏ မျက်လုံးများတွင် ရှင်းမပြနိုင်လောက်အောင် လိပ်ပြာမလုံသော ခံစားချက်များရှိနေသည်။

လဲ့ဟွာက ထိတ်လန့်တကြား အဝေးကိုလှမ်းကြည့်လိုက်ပြီး ဘေးကိုကြည့်ကာ အလွန်သဘာဝမကျသောလေသံဖြင့် " ထောင်ချောက်ထဲမှာ သားကောင်ရှိလောက်ပြီး! " လို့ ပြောတယ်။

ပြောပြီးသောအခါ လဲ့ဟွာသည် စောစောက ဆင်ထားသောထောင်ချောက်များကို ရှာဖို့ မီကျိုက်လေးကို ခေါ်သွားတယ်။

တောထဲတွင် အများဆုံး တိရစ္ဆာန်မှာ ရစ်ငှက်နှင့် ဆင်တူသော မြေသားရဲ များဖြစ်သည်။ ၎င်းသည် ကြီးသော်လည်း အသားအလွန်ထူပြီး သိပ်အရသာမရှိပေ။ orcs များသည် အများသောအားဖြင့် ဥဥရန်အတွက် ဤမြေသားရဲမျိုးများကို အိမ်တွင် ထားလေ့ရှိသည်။

လဲ့ဟွာ၏ ထောင်ချောက်တွင် မြေသားရဲနှစ်ကောင်နှင့် မီးခိုးရောင် ရက်ကွန်းငယ်တစ်ကောင်ကို ဖမ်းမိသည်။ ယနေ့ရိတ်သိမ်းမှုသည် အလွန်ကြွယ်ဝပြီး စားဖို့အတွက် လုံလောက်သည်။

ပေါင်းပေ့! ဒီလာပြီးချစ်စရာလေးတွေရောင်းပါအုံး!(မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora