ချောင်ဟုန်ယဲ့သည် ပုံမှန်အတိုင်း သန့်စင်၍ တက်ကြွသော ဝတ်စုံကို ဝတ်ဆင်ကာ နာခံမှုရှိသော မိန်းကလေးတစ်ယောက်၏ စံပြပုံရိပ်အတိုင်း သူမ၏ ဖြောင့်စင်းသော ဆံပင်များကို ပဝါတစ်ခုနှင့် စည်းနှောင်ကာ ကျောင်းလာသည်။

သူမ ကျောင်းသို့ စောစောရောက်သည်ကို ဘယ်တုန်းကမှ  မနှစ်သက်ခဲ့၊ အကြောင်းမှာ သူမ လမ်းလျှောက်သွားသည့်အခါ၌ လူတိုင်း၏ အဓိက အာရုံစိုက်မှုတစ်ခုလာသောကြောင့် ဖြစ်သည်၊ ယနေ့လည်း ထူးမခြားနားပင်။

ကံခေစွာဖြင့် သူမ၏ လေးပင်တုံ့ဆိုင်းမှုကြောင့် သူမ၏ ဂုဏ်ကျက်သရေရှိလှသော ကိစ္စကြီးအား သူမ၏ အတန်းဖော်များ သိပြီးဖြစ်ကြောင်းကို သူမ, မသိခဲ့။

သူမ ထိုင်လိုက်သည်နှင့် မသိစိတ်အလျောက် သူမ၏ စာရေးခုံထဲသို့ လက်လှမ်းလိုက်ပြီး အတွင်းထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ သို့သော် သူမ၏ လက်သည် လေဟာနယ်ကိုသာ ထိတွေ့လိုက်ရ၏။ သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။ မနက်ခင်းတိုင်း ကျန်းဟောင်နှင့် တုန်းယီသည် သူမ၏ စာရေးခုံထဲ၌ နွားနို့တစ်ဘူး ထည့်ထားပေးတတ်သည်။ ဘာလို့ ဒီနေ့ မရှိတာလဲ။ သူတို့ မေ့နေကြတာလား။

ချောင်ဟုန်ယဲ့က အနည်းငယ် စိတ်ပျက်သွား၏။ သို့သော် သူမက စိုးရိမ်နေသော အမူအရာဖြင့် သူမ၏ ထိုင်ခုံဖော်အား လှည့်ပြောလိုက်သည်။

"ရှင်းရှင်း၊ နောက်ကျရင် ကျန်းဟောင်နဲ့ တုန်းယီကို နေ့တိုင်း ငါ့ဆီကို နွားနို့မပို့ဖို့  ကူပြောပေးပါ့လားဟင်၊ တစ်ဘူးကို အတော်လေး စျေးကြီးတယ်လေ"

ဘေးမှ ရှင်းရှင်းက သူမအား အထင်သေးစွာ ကြည့်လိုက်၏။ ယခင်က သူမ အဘယ်ကြောင့် ချောင်ဟုန်ယဲ့၏ မျက်နှာနှစ်ဖက်ရှိသော စရိုက်ကို မမြင်နိုင်ခဲ့သနည်း။ အသေအချာပင် ထိုအရာများအား ချစ်သောမျက်စိဖြင့် ကြည့်မိသဖြင့် မမြင်နိုင်ခဲ့ဘဲ ခင်မင်မှုအတွင်း နစ်မြှုပ်နေ၍လည်း မျက်ကန်းဖြစ်နေခဲ့ရသည်။

"ဟုန်ယဲ့၊ နင် ဒီကို မရောက်ခင်ဘဲ ကျန်းဟောင်နဲ့သူ့အဖော်က သူတို့ နွားနို့ကို သူတို့ဘာသာ သောက်လိုက်ပြီလို့ ငါ့ကို ပြောတယ်။ တကယ်လို့ နင် နွားနို့သောက်ချင်ရင် နင့်ဟာနင် သွားဝယ်လေ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now