အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

Začať od začiatku
                                    

သွမ့်ချုံးက သွေးကွက်ကြီးကိုကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ခေါင်းခါယမ်းလိုက်သည်။

" အရှင်မင်းကြီးက သူ့ဘေးမှာနေပြီး နေ့တိုင်းအမြီးတယမ်းယမ်းလုပ်နေတဲ့ခွေးကိုပဲ ယုံနေသေးတဲ့ပုံပဲ... ငါတို့ အရှေ့ပိုင်းအလုပ်ရုံက မင်းကြီးအတွက် အလုပ်ကြိုးစားပေးနေတာကို သူကတော့ဘေးမှာ နေ့တိုင်း ခစားတဲ့သူတွေနဲ့ပဲ ငါတို့ကို ယှဉ်နေတဲ့ပုံပဲ..."

သူက လင်းဖူအကြောင်းပြောနေခြင်းကို ဝူရွှင်းဟိုင်သိသည်။  မကြာသေးမီနှစ်များအတွင်းတွင် တုန်းချန်၏အာဏာကို ဧကရာဇ်က ၃၀%ခန့်သာ ချန်ထားခဲ့ပြီး ကျန်ရှိနေသည့်လူအားလုံးကိုလည်း လင်းဖူလက်အောက်သို့ လွှဲပြောင်းပေးလိုက်သည်။ လင်းဖူလက်အောက်ရောက်သွားသည့် မိန်းမစိုးအုပ်စုက နန်းတွင်းမှ မင်းမျိုးနွယ်များ၊ ရာထူးကြီးမှူးမတ်များကိုသာ ခစားရတော့သည်။ သို့ဖြစ်၍ တုန်းချန်မှာ ဤနှစ်ပိုင်းအတွင်းတွင်ယခင်ထက်ပို၍ အင်အားဆုတ်ယုတ်လာခဲ့သည်။

အတိတ်ကာလများတွင် တုန်းချန်က နန်းတွင်း၌ အရေးပါအရာရောက်သည့်နေရာတစ်ခုတွင် ရှိခဲ့ဖူးသည်။ မိသားစုနောက်ခံမကောင်းသည့် မောင်းမဆောင်မှမိဖုရား၊ ကိုယ်လုပ်တော်များက တုန်းချန်မှလူများကို အလိုလိုက်အကြိုက်ဆောင်ပြီး သူတို့အမြင်ကြည်အောင်နေရသည်။ သို့မှသာ သူတို့အတွက် အခွင့်အရေးများစွာ ရရှိနိုင်သည်။

သို့သော်လည်း ယခုချိန်တွင်မူ သူတို့က တုန်းချန်ကို အရေးမစိုက်တော့ပေ။ ယခုပင် သူတို့သတ်ပစ်လိုက်သည့်လူက အရှေ့ဘက်အလုပ်ရုံတွင် လင်းဖူထည့်ထားသည့် သူလျှိုဖြစ်သည်။

ဝူရွှင်းဟိုင်က စိတ်သက်သာရာရအောင် ပြောလိုက်သည်။

" စိတ်မပူပါတဲ့ နည်းလမ်းတစ်ခုကတော့ အမြဲတမ်းရှိနေမှာပဲ..."

ထိုစကားကိုကြားသည့်အခါ သွမ့်ချုံးက မျက်လွှာချပြီး ရေနွေးကြမ်းတစ်ငုံကိုသောက်ကာ မေးလိုက်သည်။
" မင်း နန်းတော်ထဲကို လူတစ်ယောက်လွှတ်ထားပြီးတော့ မင်းသား၅ကို ရှာခိုင်းထားတယ်လို့ ငါကြားတယ်..."

" ကျွန်တော် သူ့ကိုရှာတွေ့ပြီးလို့ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုပါ ထုတ်ဖော်ပြောလိုက်ပါပြီ..."

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now