အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.7K 245 5
                                    

Chapter 113

ဆည်မှာ သူတို့မြို့ထဲတွင် မရှိသည့်အချိန်၌ ကွက်တိကျိုးပေါက်သွားခဲ့ပြီး သူဆောက်လုပ်ရေးနှင့် ဆည်မြောင်းရေးရာတွင် မည်သည့်အမြင်မှ မရှိစေကာမူ ရှန်းကျီဖုမှာ ထိုမျှစွမ်းဆောင်နိုင်မည့်သူ မဟုတ်ကြောင်းကို သိနေခဲ့သည်။ သူတို့ကြားထဲတွင် တစ်စုံတစ်ဦးမှာ သူ၏နောက်ကွယ်မှ ခြေလက်များကို ရွှေ့နေသည့်ပုံပင်။

သို့သော် ရွှယ်ယန် ထိုအရာအတွက် တွေးတောချိန်မရဘဲ ကျွင်းဟွိုင်လန်သည်သာ သူ၏စိတ်ထဲတွင်ရှိနေခဲ့သည်။

ကျွင်းဟွိုင်လန်မှာ လင်းကျန်းကျောင်းတော်တွင်ရှိနေပြီး ၎င်းမှာ ကျင်းလင်အလွန်မြောက်ဘက်အကျဆုံးအပိုင်းဖြစ်သည်။ ဆည်ကျိုးပေါက်ပြီးနောက် ရေလွှမ်းမိုးနှင့် ရေဘေးဒုက္ခသည်များ ရှိနေမည်ဖြစ်ကာ ထိုနေရာတွင် သူတို့အားလုံးမည်သူမျှမရှိဘဲ ကျွင်းဟွိုင်လန် တစ်ဦးတည်းသာ ရှိနေမည်ဖြစ်သည်။

ရွှယ်ယန် ရှန်းကျီဖုနှင့်ယုံနင်မြို့စားတို့ ဆုံးဖြတ်ချက်ချသည်ကိုပင် မစောင့်တော့ဘဲ လှည်းပေါ်မှအမြန်ဆင်းကာ ကျင်းယီဝေ့အစောင့်များကိုခေါ်၍ မြို့ဆီ ဦးတည်သွားစေလိုက်သည်။

မြင်းစီးကျွမ်းကျင်သော ကျင်းယီဝေ့အစောင့်များသည်ပင် တစ်ဦးနှစ်ဦးခန့် မြင်းမှခြေချော်ကာ လမ်းပေါ်မှပြုတ်ကျခဲ့သော လမ်းမှာ သွားလာရန် အလွန်ခက်ခဲနေစေကာမူ ရွှယ်ယန် သူ၏အရှိန်ကိုမလျော့ခဲ့ပေ။

ရွှယ်ယန် ကျောင်းတော်သို့ အလျင်အမြန်ပြန်ချလာသည်။

အဝေးမှပင် ကျောင်းတော်၏ဝင်ပေါက်ရှေ့၌ လူများအုံခဲနေသည်ကို မြင်လိုက်ရပြီး အားလုံးမှာ ကျန်းမာသန်စွမ်းသည့်ယောင်္ကျားသားများသာဖြစ်ကြကာ အကြည့်တစ်ချက်နှင့်ပင် ထိုသူများမှာ ပြသနာရှာ၍ အခွင့်အရေးယူရန်အတွက်သာ လာရောက်ကြကြောင်းကို သိနိုင်ပေသည်။

ရွှယ်ယန် ထိုအခြေအနေအတွက် သွမ့်ရှီးရှီးကိုသာ လွှဲပေးလိုက်ပြီး ကျောင်းတော်သို့ မရောက်ခင် မြင်းပေါ်သို့ခြေကန်၍ တံခါးရှိလူအုပ်ကြီးကို ကျော်ဖြတ်ကာနံရံပေါ်သို့ ပျံတက်လိုက်သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now