အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

2K 313 14
                                    

Chapter 50

သူ့အထင်က မှန်ကန်ခဲ့သည်။ ရွှယ်ယန်က သူ့ကို နန်းတွင်းအပြင်မှ လူတစ်ယောက်ထံမှ ကုံကုမံဝတ်ဆံနှင့် ကတိုးကို ယူခိုင်းခဲ့သည်။

၎င်းတို့က သာမန်ဆေးပစ္စည်းများသာဖြစ်၍ ကျင်းပေါင်က နန်းတွင်းဆေးပေးခန်းသို့သွားကာယူဆောင်လိုက်မည်ဟု ပြောခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် နန်းတွင်းပြင်ပမှ လူတစ်ယောက်ကို ခိုင်းရမည်မှာ စွန့်စားရမည့်ကိစ္စတစ်ခု ဖြစ်သောကြောင့်ပင်။

သို့သော်လည်း ရွှယ်ယန်က သဘောမတူခဲ့ပေ။

" ဒီဆေးတွေက ဘယ်နေရာကမှန်းမသိပဲ ရောက်လာမှဖြစ်မှာ..."

ကျင်းပေါင်က အကြောင်းရင်းကို မမေးရဲ၍ ထိုပစ္စည်းများ ရရှိပြီးသည့်နောက်တွင် မည်သို့ပြုလုပ်မည်ကိုသာ မေးခဲ့သည်။

မမျှော်လင့်ထားသည်မှာ သူ့သခင်က နန်းတွင်းပြင်ပမှလူနှင့် ဆက်သွယ်ခိုင်းသည်ထက် ဆိုးရွားသောအရာကို လုပ်ခိုင်းခဲ့သည်။

" အဲဒါတွေကို တျန့်ချွေးရဲ့အခန်းထဲ သွားဖွက်ထားလိုက်..."

ရွှယ်ယန်က အပ်ချည်၊ အပ်နှင့် အဝတ်စများကို စားပွဲပေါ်တင်ကာ အမိန့်ပေးလိုက်သည်။

" သူ့အခန်းထဲမှာ ဆေးတချို့တော့ရှိမှာပဲ...  ထင်သာမြင်သာရှိတဲ့နေရာမှာပဲထား ဒါပေမဲ့ နည်းနည်းလောက်သတိပြုရခက်တဲ့နေရာဖြစ်ရမယ်... အမွှေးတိုင်ထွန်းတဲ့နေရာ၊ မျက်နှာချေထည့်ထားတဲ့ဘူး၊ လက်ဖက်ရည်အိုး အဲ့လိုနေရာတွေမှာရှာကြည့်... ရှာတွေ့ပြီးရင် အဲဒါတွေကို စက္ကူနဲ့ထုပ်လိုက်ပြီး အခန်းထဲက တစ်နေရာမှာ အတူဖွက်လိုက်... ပြီးရင် ‌ဆေးတချို့ကိုတော့ ပြန်ယူလာခဲ့..."

ဒါတွေကို တခြားလူတစ်ယောက်ရဲ့ အခန်းထဲမှာ လုပ်ရမှာလား...

ကျင်းပေါင် အလွန်ကြောက်လန့်နေပြီဖြစ်သည်။

ဒါပေမဲ့ သူ့ဘဝလေးနဲ့ သူ့မိသားစုဝင်တွေအားလုံးရဲ့ဘဝက ရွှယ်ယန်ရဲ့လက်ထဲမှာရှိနေတယ်...

ထိုသို့ အကျပ်ကိုင်ခံရခြင်းကြောင့် သူက ရွှယ်ယန်ညွှန်ကြားထားသမျှအားလုံးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now