အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

2.2K 343 6
                                    

Chapter 16

ကျွင်းဟွိုင်လန်က ထရပ်လိုက်ပြီး ဝတ်ရုံထူထထဝတ်ကာ အပျိုတော်တစ်ယောက်ကို သူ့အတွက် မီးအိမ်ယူလာခိုင်းလိုက်ပြီး တစ်ယောက်တည်း လမ်းလျှောက်ထွက်သွားလိုက်သည်။

တံခါးကိုတွန်းဖွင့်လိုက်သည်နှင့်‌ အေးစိမ့်စိမ့်လေပွေတစ်ခု ဖြတ်သန်းတိုက်ခတ်သွား၍ ကျွင်းဟွိုင်လန်၏ ဆံပင်ရှည်နှင့် ဝတ်ရုံကိုပါ လှုပ်ခါသွားစေပြီး သူ့တစ်ကိုယ်လုံး ကြက်သီးထလာသည်။

" သခင်လေး ညမိုးချုပ်နေပြီ ဘယ်သွားမလို့လဲ..."
စင်္ကြန်တွင်လျှောက်နေသည့် ဖုရိက သူ့ကို အမြန်နှုတ်ဆက်လိုက်သည်။

" အနောက်ပိုင်းခန်းမဆောင်ကို တစ်ချက်သွားကြည့်မလို့... ကိုယ့်ဘာသာသွားမှာ လိုက်လာစရာမလိုဘူး..."

ဖုရိက အနည်းငယ်စိုးရိမ်သွားသော်လည်း နန်းဆောင်ထဲမှ မထွက်သွားကြောင်းသိ၍ ငွေရောင်မီးလင်းဖိုအသေးစားလေးကို ကျွင်းဟွိုင်လန်၏လက်ထဲ ထည့်ပေးလိုက်သည်။

ကျွင်းဟွိုင်လန် ၎င်းကိုကြည့်လိုက်သည့်အခါ လက်ရာမြောက်စွာထွင်းထုထားသည်ကို မြင်လိုက်ရ၍  တစ်ချက်ကြည့်လိုက်ရုံဖြင့် အမျိုးသမီးများသုံးသည့်ပစ္စည်းဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းကို ပြန်ထိုးပေးမည်ဟု ပြင်လိုက်သော်လည်း ဖုရိကမယူပဲ ပြောလိုက်သည်။

" သခင်လေး ယူသွားပါ... အပြင်မှာ အရမ်းအေးတယ် အအေးမိသွားရင် ဘယ်လိုလုပ်မလဲ..."

ကျွင်းဟွိုင်လန်က ရွေးချယ်စရာမရှိတော့၍ မီးအိမ်ကို လက်တစ်ဖက်ထဲတွင် ကိုင်ထားပြီး အခြားတစ်ဖက်က မီးလင်းဖိုပေါက်စလေးကိုကိုင်က အေးစက်စက်ရာသီဥတုထဲတွင် အနောက်ဘက်ခန်းမဆောင်သို့ ထွက်သွားလိုက်သည်။

ကိုယ်လုပ်တော်ရှု့က ပင်မခန်းမဆောင်ထဲတွင် အိပ်မောကျနေပြီဖြစ်၍ မီးအိမ်များကိုငြှိမ်းထား၍ မှောင်မည်းနေသည်။ အနောက်ဘက် ခန်းမဆောင်ဘက်တွင်လည်း မှောင်နေသည်။

ကျွင်းဟွိုင်လန်၏ စိတ်ထဲတွင် တွေးနေမိသည်။
သူ အိပ်သွားတာများလား...

အကယ်၍ သူအိပ်ပျော်သွားပါကလည်း ရှက်နေစရာမလိုတော့၍ စိတ်အေးသွားမိမည်ဖြစ်သည်။ နောက်နေ့မနက်တွင်မှ သူ့ကိုခစားသည့် မိန်းမစိုးလေးကို လိုအပ်သည့်အရာများကိုမေးကာ သူ့အတွက် ဖြည်းဆည့်ပေးပြီး ဤနေရာတွင် ငြိမ်းငြိမ်းနေနိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now