အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.8K 286 0
                                    

Chapter 78

ညဘက်တွင် အရှေ့ဘက်ရေကန်မျက်နှာပြင်၌ ညနေခင်းလေပြည်များတိုက်ခတ်နေ၍ တောက်ပနေသောမီးရောင်များနှင့်အတူ ကန်မျက်နှာပြင်တွင် လှိုင်းဂယက်များထနေသည်။

ရေကန်စပ်ရှိ လှေပေါ်မှ သီချင်းဆိုသံသဲ့သဲ့က ရေကန်ထဲမှပါ ကြားနေရသည်။ ရေကန်စပ်တစ်ဝိုက်တွင် မီးထွန်းထားသော ဈေးဆိုင်ငယ်လေးများမှ မုန့်ပဲသရေစာနှင့် အထူးအဆန်းပစ္စည်းလေးများ ရောင်းချနေသည်။ ညကောင်းကင်ယံတွင် လပြည့်ဝန်းကြီးရှိပြီး ပျားပန်းခတ်မျှ စည်ကားသက်ဝင်နေသော လှုပ်ရှားမှုများ ရောင်ပြန်ဟပ်နေသကဲ့သို့ထင်ရသည်။

ကျွင်းဟွိုင်လန်နှင့် ရှန်းလျှိုဖုန်းက သူတို့နှင့်အတူ မည်သူ့ကိုမှ မခေါ်ပဲ နှစ်ယောက်တည်းထွက်လာကာ ရေကန်ဘေးရှိ ညဈေးတန်းကိုကျော်၍ ကန်စပ်သို့ ရောက်လာသည်။

ရှန်းလျှိုဖုန်း၏ အပျော်စီးလှေက ထိုနေရာတွင် စောင့်ဆိုင်းနေသည်။

လှေက မကြီးမားသော်လည်း ကုန်းပတ်ငယ်လေးပေါ်တွင် စားပွဲများ၊ ကုလားထိုင်များနှင့် မီးအိမ်များ ပါရှိသည်။ လှေအတွင်းပိုင်းတွင်မူ စားဖိုမှူးတစ်ယောက်က  လတ်လတ်ဆတ်ဆတ်ဖမ်းမိလာသောငါးပုစွန်ဂဏန်းများကို ချက်ပြုတ်ရန် ပြင်နေသည်။ လှေသမားက သူတို့နှစ်ယောက်ကို ပြုံး၍လက်လှမ်းပြလိုက်ပြီ လှေပေါ်တက်ရန် ခေါ်နေသည်။

" စားဖိုမှူးကို ငါဒီနေ့အတွက် အိမ်ကနေခေါ်လာခဲ့တာ..."

ရှန်းလျှိုဖုန်းက ပြောပြောဆိုဆိုနှင့်ပင် လှေပေါ်တက်သွားသည်။ သူက သိုင်းပညာမလေ့လာထားသူဖြစ်၍  စကားတပြောပြောနှင့် အာရုံလွင့်နေသောကြောင့် လှေပေါ်အတက်တွင် ဒယိမ်းဒယိုင်ဖြစ်သွားသည်။  ကျွင်းဟွိုင်လန်က သူ့ကိုနောက်မှ အမြန်ထိန်းထားလိုက်၍ ရေကန်ထဲ မကျသွားခြင်းဖြစ်သည်။

ကျွင်းဟွိုင်လန်က သူ့နောက်မှ လှေပေါ် တက်လာစဉ်တွင် သူဆက်ပြောသည်ကို ကြားလိုက်ရသည်။

" ငါက စုကျိုးကအစားအစာတွေကိုပဲ စားနေရတာ ဆယ်နှစ်လောက်ရှိပြီလေ ... ငါမင်းကို ညနေစာအတွက်ဖိတ်မယ်လို့ ဦးလေးကို ပြောလိုက်တော့ ဒီစားဖိုမှူးကို ခေါ်သွားခိုင်းလိုက်တာ...  ဒီဟင်းတွေကို မင်း မြည်းကြည့်မှဖြစ်မယ်.."

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now