အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.8K 257 0
                                    

Chapter 129

အချိန်ကြာအထိ သူတို့အားလုံးမှာ တိတ်ဆိတ်နေကြကာ လူတိုင်းမှာ ရွှယ်ယန်ကို ကြည့်နေ‌ကြသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ကြပေ။

ရှန်းလျှိုဖုန်းသည်လည်း သူ၏ပုံစံကြောင့် စကားမပြောနိုင်ဘဲ ကြက်သေသေနေရသည်။

ရွှယ်ယန်မှာ သူ့ကို ကြည့်နေရုံမျှသာ ဖြစ်သော်လည်း လှောင်ချိုင့်ထဲတွင် ရှိနေသည့်သားရဲကောင်ကြီးမှ လှောင်အိမ်ကို ကိုယ်လုံးဖြင့် တိုက်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုသူမှာ နာကျင်မှုဟူ၍ပင် မသိနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများလွှမ်းနေကာ သံတိုင်မှ ကလန် ကလန် ဟူသောအသံများကိုပင် ကြားယောင်လာသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုသားရဲမှာ လှောင်အိမ်အတွင်းမှ ထွက်ကာ သူ၏လည်ပင်းကို ကိုက်ခဲတော့မည်ဟု ရှန်းလျှိူဖုန်းခံစားနေရသည်။

ရွယ်ယန်မှာမူ အံကြိတ်လျက်သာ သူတို့ကို စိုက်ကြည့်နေသည်။

ထို့နောက် ရုတ်တရက် လှည့်ကာ ထွက်လာခဲ့သည်။

ရှန်းကျီဖုမှာ အချိန်ခဏကြာထိ ကြောင်အမ်းနေရပြီးမှ ချက်ချင်းဆိုသလိုပင် ရွှယ်ယန်၏ရည်ရွယ်ချက်ကို သိရှိသွားခဲ့သည်။

" သွား အမြန် အရှင့်ကိုမြန်မြန်သွားတား…"

ရှန်းကျီဖု လမ်းဘယ်ညာမှ အလုပ်ရှုပ်နေသည့် အရာရှိများကို အမြန်ညွှန်ကြားလိုက်သည်။

ယခုအချိန်တွင် တော်ဝင်မျိုးရိုးမှသခင်လေးတစ်ဦးဖြစ်သည့် ကျွင်းဟွိုင်လန် ကူးစက်ခံရသည်ပင် အရေးကြီးနေသည်ဖြစ်ရာ အကယ်၍ ကွမ်းလင်ဘုရင်သည်သာ ကူးစက်ခံလိုက်ရပါက သူတို့ထံတွင် ခေါင်းတစ်ရာရှိလျှင်ပင် ဘုရင်မင်းမြတ်မှာ ဖြတ်ရန်လုံလောက်မည် မဟုတ်ချေ။

အရာရှိများ ပျားပန်းခတ်မတတ် ဖြစ်သွားရသည်။

သို့သော်လည်း ရွှယ်ယန်မှာ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျန်းနန်၏ဥယျာဉ်မြေကြီးမှာ မည်မျှပင် လမ်းလျှောက်ရန် ခက်ခဲနေပါစေ မြင်းပေါ်သို့ တန်းတန်းမတ်မတ်တက်လိုက်သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now