အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

2.2K 344 3
                                    

Chapter 17

ကျွင်းဟွိုင်လန်က သူ့ကိုယ်သူ အတွေးများနေခြင်းဟုသာ ထင်လိုက်သည်။

" မိသားစုနာမည်က ကျွင်း... ငါ့နာမည်က ကျွင်းဟွိုင်လန်ပါ..."

သူ ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။
 
ကျွင်းဟွိုင်လန် တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ကျန့်ကွမ်းသဲ့က ခပ်သုတ်သုတ်လျှောက်လာပြီး ကျင်းပေါင်က သူ့နောက်မှ လိုက်လာသည်။ ကျန်းကွမ်းသဲ့က အိပ်ပျော်နေပုံရသည်။ သူ့အဝတ်အစားများက ဖရိုဖရဲဖြစ်နေပြီး အမြန်ရောက်လာရ၍ ကော်လံကြယ်သီးများကို မှားတပ်ထားသည်။

ကျန့်ကွမ်းသဲ့ အခန်းထဲဝင်လာပြီးနောက် ကျွင်းဟွိုင်လန်ကို ဒူးထောက် အရိာအသေပြုလိုက်သည်။

" သခင်လေး ကျွန်တော်မျိုးကို ရှာပါသလား..."

သူ့က်ု ကျောပေးထားသည့် ကျွင်းဟွိုင်လန်က တဖြည်းဖြည်း သူ့ဘက်လှည့်လိုက်သည်။

" တကယ်လို့ မင့်လွမ်နန်းဆောင်မှာ မင်းသား၅နေဖို့ အခန်းလွတ်မရှိတော့ဘူးဆိုရင် ငါ့အခန်းကိုဖယ်ပြီး မင်းသား၅ကို အဲ့မှာ နေခိုင်းလိုက်ပါ..."

ထိုစကားများကို ကျန့်ကွမ်းသဲ့ကြားသည့်အခါ ကြောက်လန့်မှုကြောင့် ပခုံးများပင် တဆတ်ဆတ်တုန်လာသည်။

ကြည့်ရတာတော့ ကိုယ်လုပ်တော်ရှု့ကတောင် တစ်ချက်မှမမေးတဲ့ မင်းသား၅ကို ဒီသခင်ငယ်လေးက ညဘက်မှာ ဒီလိုအခြေအနေနဲ့တွေ့တော့ တစ်မျိုးဖြစ်သွားတဲ့ပုံပဲ...

ဒီသခင်လေးက ခစားရလွယ်ပေမယ့် ကိုယ်လုပ်တော်ရဲ့ နှလုံးသားကတော့ ပြတ်သားတယ်...  မင်းသား၅ကို အဆင်မပြေဖြစ်မှာစိုးလို့ တူဖြစ်သူက အဒေါ်ကိုယ်စား ပြဿနာကို ရှင်းပေးချင်တဲ့ပုံပဲ...

ကျန့်ကွမ်းသဲ့က အလျင်အမြန်ပင် အပြုံးတစ်ခုကို ဆင်မြန်းကာ ပြောလိုက်သည်။

" မင်းသား၅က ဘာများဖြစ်လို့လဲ သခင်လေး... မင့်လွမ်နန်းဆောင်မှာ အခန်းလွတ်အများကြီးရှိပေမယ့် ဒါက ကိုယ်လုပ်တော်ရှု့ရဲ့အမိန့်မို့ ဒီအစေခံက ခိုင်းတဲ့အတိုင်းလုပ်ရတာပါ..."

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now