ဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

2.3K 257 4
                                    

Chapter 135

လင်းနန်၏ မြေမျက်နှာသွင်ပြင်အနေအထားက ရှုပ်ထွေးလှသည်။ မြေဆီလွှာက မကောင်းမွန်ပဲ တောင်များက မတ်စောက်ပြီး ချိုင့်ဝှမ်းများကလည်းနက်သည်။ သို့ဖြစ်၍ တောပုန်းဓားပြအများအပြားက တောင်များကိုအပိုင်စီးကာ ဘုရင်အဖြစ်အုပ်ချုပ်တတ်ကြသည်။

   

သို့ရာတွင် လင်းနန်က ဘုရင်ယွင်နန်၏နယ်မြေဖြစ်သည်။

ဘုရင်ယွင်နန် ဖြစ်ပေါ်လာခဲ့ရသည်မှာ ထိုက်ကျူက သူနှင့်အတူ တိုက်ခိုက်ခဲ့သည့် ညီငယ်လေးကို ယုံကြည်၍ ရာထူးတစ်နေရာပေးအပ်ထားခဲ့သောကြောင့်ဖြစ်သည်။ ကံကြွေးချစနစ်က လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာတည်းက ပျောက်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း ထိုက်ကျူ၏ညီငယ်ဖြစ်သူက အောင်မြင်မှုများစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့ပြီး တစ်ဖက်တွင်လည်း လင်းနန်၏မြေနေရာက ထူးခြားနေခဲ့သည်။ သို့ဖြစ်၍ ဤမြေနေရာက ဘုရင်ယွင်နန်၏ မျိုးရိုးအတွက် ကံကြွေးခံနယ်မြေ ဖြစ်ခဲ့ရသည်။

လင်းနန်မှ တောပုန်းဓားပြများက ဘုရင်ယွင်နန်၏ အတွင်းလူများဖြစ်ကြသည်။ ယခုလက်ရှိ ဘုရင်ယွင်နန်က ထီးနန်းကို အောင်မြင်စွာသိမ်းပိုက်ပြီးချိန်တွင် ဓားပြများကို ရာထူးများပေးအပ်ကာ အမှုထမ်းစေခဲ့သည်။ အချို့ကို စစ်သည်များအဖြစ် အသုံးချကာ ရိက္ခာနှင့် လစာငွေများပေးအပ်ခဲ့သည်။

ယခင်ဘဝတွင်မူ ယွင်နန်ဘုရင်က ထိုလူများကိုမှီခိုကာ စစ်တပ်ကို တိတ်တဆိတ်ဖွဲ့စည်းထားပြီးနောက် အင်အားများပြားလာချိန်တွင် ချန်အန်းသို့ရောက်ရှိလာပြီး  ထီးနန်းကို လုယူခဲ့သည်။

ကျွင်းဟွိုင်လန်၏ရင်ထဲတွင် မှန်းဆချက်အချို့ မှုန်တိမှုန်ဝါးဖြင့်ပေါ်လာသည်။

အကယ်၍ လင်းနန်မှ ဓားပြများက ကျန်းနန်သို့ ကျူးကျော်လာခဲ့သည်ဆိုပါက ၎င်းမှာ ဘုရင်ယွင်နန်၏ အကြံအစည်သာဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကျန်းနန်မှ ဖရိုဖရဲဖြစ်မှုများတွင် ရှုမိသားစုဘက်မှ လူများသာမက ဘုရင်ယွင်နန်လည်း ပါဝင်နေသည့်သဘောသက်ရောက်သွားသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now