အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

2K 300 6
                                    

Chapter 61

ဤသို့တွေးမိသောအခါ  ကျွင်းဟွိုင်လန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

သူနှင့် ရွှယ်ယန်က ကျွင်းလင်ဟွမ်ကိုခေါ်ပြီး ယုံလဲ့ခန်းမဆောင်သို့ တူတူသွားကြသည်။ ခန်းမဆောင်ရှေ့သို့ ရောက်သည့်အခါ ကျွင်းရှောင်ဝူက ခန်းမဆောင်ရှေ့တွင် စောင့်နေသည်ကို မြင်လိုက်ရသည်။

  

" အစ်ကိုကြီး ကျွန်တော့်ကို မလွမ်းဘူးလား..."

ကျွင်းရှောင်ဝူက အဝေးမှ လက်လှမ်းပြနေသည်။

သူ့ကို မြင်သည့်အခါ  ကျွင်းဟွိုင်လန် မရယ်ပဲ မနေနိုင်တော့ပေ။ ကျွင်းမောင်နှမသုံးယောက်တွေ့သည်နှင့် အားတက်သရောဖြင့် စကားစမြည်ပြောကြတော့သည်။ ကျွင်းရှောင်ဝူက မျက်လှည့်ဆရာတစ်ယောက်ကဲ့သို့ ပြုမူပြီး စာအိတ်နီများတစ်ခုချင်းစီ ထုတ်ကာ ကျွင်းလင်ဟွမ်ကို ပေးလိုက်ပြီးနောက် ခဏအကြာတွင် ပြုံးပြပြီး ကျွင်းဟွိုင်လန်၏ လက်ထဲသို့လည်း ထည့်ပေးလိုက်သည်။

" အစ်ကိုကြီး နှစ်သစ်ကူးမုန့်ဖိုး..."

ကျွင်းရှောင်ဝူက  ကျွင်းဟွိုင်လန်ကို ပြုံးပြနေသည်။

ကျွင်းဟွိုင်လန်က သူ့ကို ဆူပူဟန်ဖြင့် ပြောလိုက်သည်။

" အဓိပ္ပါယ်မရှိတာ... မင်းက ငါ့ကို စာအိတ်နီပေးစရာလား..."

(T/N - နှစ်သစ်ကူးမုန့်ဖိုးက အသက်ကြီးတဲ့သူတွေကပဲ ငယ်တဲ့သူကိုပေးတာ များလို့ပါ )

ကျွင်းရှောင်ဝူက တဲ့တိုးပင်ပြောလိုက်သည်။

" ဘာလို့ မရရမှာလဲ... ဦးရီးတော်က ကျွန်တော့်ကို စစ်တပ်ကလစာပေးနေပြီလေ... ကျွန်တော်အခု အစ်ကိုကြီးထက်ချမ်းသာသွားပြီ..."

ရွှယ်ယန်က သူတို့သုံးယောက်ကိုကြည့်ပြီး ဘေးနားတွင်သာ တိတ်တဆိတ်ရပ်နေသည်။

ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်သည်အထိ အတူတူကြီးပြင်းလာခဲ့သော မောင်နှမများ၏ ဤကဲ့သို့ နွေးထွေးမှုမျိုးက ဟန်ဆောင်ပြီး လုပ်ယူထား၍ မရပေ။

ထိုလူက  ကျွင်းဟွိုင်လန်၏ညီငယ်ဖြစ်၍ သူတို့နှစ်ယောက်က ရင်းနှီးကြမည်ကို ရွှယ်ယန်သေချာပေါက်သိသည်။ သို့ရာတွင် သူ့ရင်ထဲတွင် ခါးသက်သက်ဖြစ်ကာ တစ်မျိုးတစ်မည်ခံစားလာရသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now