အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.8K 274 9
                                    

Chapter 94

အချိန်တစ်ခုအထိ အမှုထမ်းများက ထိတ်လန့်စွာဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသည်။

" အရှင့်သား လှေနဲ့ပတ်သက်ပြီး တစ်ခုခု သဘောမကျလို့များလား..."

ရှန်းကျီဖုက ရှေ့ဟို့အမြန်ရောက်လာပြီး အပြုံးဖြင့်မေးလိုက်သည်။

ရွှယ်ယန် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။

အဲဒီရှန်းလျှိုဖုန်းဆိုတဲ့တစ်ယောက်က  ဒီလူရဲ့တူ ဟုတ်တယ်မလား... သူက နေရာတကာလိုက်လာပြီး အသုံးလည်းမကျဘူး တော်တော် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ...

" နောက်ဆိုရင် ဒီလိုဇာချဲ့တဲ့ကိစ္စတွေလုပ်စရာမလိုဘူး...ဒီဘုရင်ခံက အပိုတွေလုပ်တာ မကြိုက်ဘူး..."

ရွှယ်ယန်က မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။

ထိုစကားများက သူ့ခန္ဓာကိုယ်ပေါ်ရှိ ပေါင်းကော်ဘုရားကျောင်းမှ စန္ဒကူးနံ့များနှင့် မလိုက်မဖက်ဖြစ်နေသည်ဟု ထင်ရသည်။

ရှန်းကျီဖုက 'နားလည်ပါပြီ' ဟု  ကြိမ်ဖန်များစွာပြောလိုက်သော်လည်း သူ့စိတ်ထဲတွင် သိနေသည်။

အရှင်က အပိုတွေလုပ်တာ ဘာလို့မကြိုက်ပါလိမ့်... တစ်ယောက်ယောက်က သူ့မျက်စိရှေ့မှာ အလိုမကျအောင်လုပ်မိလို့ ဇာချဲ့မနေနဲ့လို့ ပြောလိုက်သလိုကြီးပါလား...

ရှန်းကျီဖုက အရိပ်သုံးပါးနားလည်တတ်ပြီး စကားလုံးများကို သတိထားပြီး ဂရုတစိုက်သုံးနှုန်းတတ်သူတစ်ယောက်ဖြစ်သည်။ ၎င်းကို ကျန်းနန်မှ ပညာရှိများသာမက ရှန်းကျီဖုကိုယ်တိုင်လည်း အသိအမှတ်ပြုထားသည်။

ဘုရင်ခံကွမ်းလင်က ယနေ့တွင် စိတ်မကြည်မလင်ဖြစ်နေ၍ သူ့ကို စိတ်ပျော်ရွှင်အောင်လုပ်ပေးရမည်ဖြစ်သည်။

ဤအချိန်အတောအတွင်း ရှန်းကျီဖု၏ လေ့လာထားချက်များအရ ဘုရင်ခံကွမ်းလင်က အလှအပကို မမက်မောသည့်အပြင် မြှောက်ပင့်ပြောဆိုသည်များကိုလည်း သဘောမကျပဲ သူ့အတွက် ငွေကြေးများစွာသုံးစွဲသည်ကိုလည်း မနှစ်သက်ပေ။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now