အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.9K 300 0
                                    

Chapter 64

ဧကရာဇ်ချင်းဖျင်ရှိရာနန်းဆောင်ကို မီးများထိန်လင်းစွာ ထွန်းညှိထားသည်။

သလွန်ပေါ်တွင် လှဲလျောင်းနေသည်က ကြာပြီဖြစ်သော်လည်း အိပ်မပျော်နိုင်ဖြစ်နေသည်။

လွန်ခဲ့သည့် ၂နှစ်အတွင်းတွင် ရှု့မိသားစုက သူ့အပေါ် ရိုးဖြောင့်မှုမရှ်ိကြောင်းကို သိသိသာသာ ခံစားမိခဲ့သည်။ ကျန်းမိသားစုမှ ပညာရှင်များကလည်း အုပ်စုဖွဲ့ထားကြသော်လည်း မည်သည့်ကိစ္စကိုမှ လက်တွေ့မဆောင်ရွက်ပေးပေ။

ညီလာခံတစ်ခုလုံးတွင် သူယုံကြည်ရပြီး အသုံးဝင်နိုင်သည့်လူလည်း တစ်ယောက်မှ မရှိပေ။

သို့ဖြစ်၍ မည်သည့်အသင်းအဖွဲ့တွင်မှ မပါဝင်သော ယုံနင်မြို့စားကို ညာလက်ရုံးအဖြစ်ခန့်အပ်ခဲ့သည်။ သူ့ကို နှစ်သစ်ကူးပြီးပါက ကျန်းနန်သို့ပို့ရန် စီစဉ်ထားခဲ့သော်လည်း ဤကဲ့သို့ အလှည့်အပြောင်းကြီးတစ်ခု ဖြစ်လာခဲ့သည်။ နန်းတွင်းတွင်နေထိုင်သော သူ၏အကြီးဆုံးသားထံတွင် ပြဿနာဖြစ်လာခဲ့သည်။

ဧကရာဇ်ချင်းဖျင်က စိတ်အနှောင့်အယှက်ဖြစ်လွန်း၍ မအိပ်နိုင်ဖြစ်နေသောကြောင့် လင်းဖူကိုခေါ်ကာ လတ်ဆတ်သည့် လက်ဖက်ရည်ကြမ်းတးစ်ခွက် ငှဲ့ခိုင်းလိုက်သည်။

" ဘယ်လိုဖြစ်လို့ အခြေအနေက ပိုပြီးဆိုးလာရတာလဲ... သူက ရေနစ်သွားတာမလား... မင်း ဘယ်လို နန်းတွင်းသမားတော်ကို ခေါ်လာတာလဲ..."

လင်းဖူက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

   

လင်းဖူက အလျင်အမြန် ပြန်ဖြေသည်။

" အရှင်မင်းကြီးကို လျှောက်တင်ပါတယ်...  ကျွန်တော်မျိုးခေါ်ခဲ့တဲ့သူက နန်းတွင်းဆေးကုသဆောင်က သမားတော်ကျူးပါ... သူက ဆေးပညာကို တစ်ဖက်ကန်းခတ်အောင် ကျွမ်းကျင်တဲ့လူတစ်ယောက်ပါ အရှင်မင်းကြီးလည်း သိပါတယ်..."

ဧကရာဇ်ချင်းဖျင်က မျက်ခုံးနှစ်ဖက်ကို လက်ဖြင့်ဖိနေပြီး ခေါင်းငြိမ့်ပြလိုက်သည်။

" ထူးဆန်းနေတယ်..."

သူ ရေရွတ်လိုက်သည်။

ထိုအချိန်တွင် တံခါးဝမှ မိန်းမစိုးတစ်ယောက်၏အသံကို ကြားလိုက်ရသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now