အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

2.4K 311 0
                                    

Chapter 25

တုန်းကျီအလုပ်ရုံက နန်းမြို့တော်၏အရှေ့ဘက်ဆုံးအပိုင်း မြို့ရိုးတည်ရှိရာနေရာတွင်ရှိသည့်အရှေ့တံခါးနေရာတွင် တည်ရှိသည်။ ၎င်းက ဝင်ပေါက် ၅ခုရှိသည့် ခြံဝင်းကျယ်ကြီးဖြစ်ကာ တံခါးမကြီးကလည်း မြို့တော်၏အပြင်ဘက်ကိုမျက်နှာမူ၍ ဖွင့်ထားသည်။ ၎င်းမှ ဝင်ထွက်ကြသည့်လူများက တုန်းချန်၏ လက်အောက်ငယ်သားများသာဖြစ်သည်။

ဆောင်းတွင်း အစပိုင်းသာရှိသေးသော်လည်း ခြံဝင်းထဲမှ မက်မွန်ပင်များက စတင် ဖူးနေပြီဖြစ်ကာ နှင်းကျသောနေ့များတွင်မူ အနီရောင်တောက်တောက်ကြယ်ကို ငွေရောင်အလွှာတစ်လွှာ ရစ်ပတ်ထားသည်ဟုပင် ထင်ရသည်။

အရှေ့ပိုင်းအလုပ်ရုံ၏ ကြီးကြပ်သူဖြစ်သည့် မိန်းမစိုးသွမ့်ချုံးက ပင်မခန်းမဆောင်အရှေ့မှခုံတွင်ထိုင်နေပြီး မွှေးပျံ့သော သခွားမွှေးသီးတစ်စိတ်ကို လက်ထဲတွင် ကိုင်ထားသည်။ အပြင်ဘက်မှ ရဲရဲနီနေသည့်မြင်ကွင်းကိုကြည့်ကာ ပြုံးလိုက်သည်။

" ဒီလို အရမ်းအေးတဲ့ရာသီမှာ ဒီမြင်ကွင်းက အလှဆုံးပဲ..."

သူ့ဘေးတွင်ထိုင်နေသည်က တုန်းချန်အလုပ်ရုံ၏ခေါင်းဆောင် ဝူရွှင်းဟိုင်ဖြစ်ပြီး သူက ရွှယ်ယန်၏ မိခင်ရင်း ကိုယ်လုပ်တော်ရှို့ကို သီးသန့်ခစားရသောမိန်းမစိုးဖြစ်ခဲ့သည်။

ဝူရွှင်းဟိုင်က ပြုံးလျက်နှင့်ပင်ပြောလိုက်သည်။
" ဘယ်သူက မဟုတ်ဘူးပြောလို့လဲ... သူ့ကိုကြည့်လေလေ မိုးကုတ်စက်ဝိုင်းကြီးတစ်ခုလုံး ပျောက်ကွယ်သွားလေလို့တောင် ခံစားရတယ်..."

တံခါးအပြင်ဘက်ရှိ ကျောက်လှေကားထစ်တွင် များပြားလှသည့် သွေးအိုင်ကြီးရှိနေသည်။ ၎င်းက စွတ်စွတ်ဖြူနေသည့် နှင်းများကို နီရဲသွားစေပြီး  မက်မွန်ပင်များနှင့်အပြိုင် တောက်ပနေသည်။

မကြာသေးမီအချိန်က လူတစ်ယောက်က ဤနေရာတွင် အရှင်လတ်လတ် အရေခွံခွာခံခဲ့ရသည်။ ထိုလူမှာ တစ်ကိုယ်လုံးတွင်ရှိသည့် အရေခွံများအားလုံးကွာကျသွားသော်လည်း မသေဆုံးခဲ့ပဲ သူ၏ နာကျင်စွာအော်ဟစ်ငိုကြွေးနေသံကို ဤနေရာမှလူအားလုံး ကြားခဲ့ရသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Donde viven las historias. Descúbrelo ahora