အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.9K 273 0
                                    

Chapter 84

ရွှယ်ယန် ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်လိုက်မိသော်လည်း အနည်းငယ်အေးစက်စက်ဖြစ်နေသော လက်တစ်ဖက်က သူ့နဖူးပေါ် ကျရောက်လာသည်။

ရွှယ်ယန်မော့ကြည့်လိုက်သည့်အခါ ကျွင်းဟွိုင်လန်က သူ့ရှေ့တွင်ရပ်‌နေပြီး သူ့ကို ငုံ့ကြည့်နေသည်။

အခန်းထဲမှမီးရောင်က အလွန်ဖျော့တော့နေပြီး သူ့အကြည့်များကလည်း  နူးညံ့နေသည်။

" ကျွန်တော် နန်းတော်ထဲက ထွက်လာတုန်းက အရှင့်သားကို မနှုတ်ဆက်ခဲ့ရဘူး... ဒါပေမဲ့ အဲဒါတကယ်နောက်ဆုံးပါ... ဒါပေမဲ့ ကျန်းနန်ကို လာမယ်ဆိုတုန်းကလည်း အရှင့်သားကို အရင်မပြောပြခဲ့မိတာ ကျွန်တော့်အမှားပါ..."

ရွှယ်ယန်က သူ့ကို အသက်မဲ့စွာကြည့်နေပြီး အချိန်အတန်ကြာသည်အထိ ဘာမှပြန်မဖြေနိုင်ဖြစ်သွားသည်။

အချိန်အတန်ကြာမှသာ အက်ရှရှအသံဖြင့် ပြန်ဖြေသည်။

" မင်းပြောတာမှန်ပါတယ်..."

သို့ရာတွင် ကျွင်းဟွိုင်လန်က ခေါင်းခါပြလိုက်ပြီး နူးညံ့ညင်သာပြီး ရှင်းလင်းပြတ်သားစွာပြောလိုက်ကာ သူ့လေသံကလည်း အနည်းငယ်လေးနက်နေသည်။

" ကျွန်တော် အရှင့်သားကို မပြောပြခဲ့ရတာပါ... ကျန်းနန်ကိုလာဖို့ကိစ္စက ကြိုတင်စီစဉ်ထားပြီးသားလည်း ဖြစ်နေခဲ့လို့... ကျွန်တော် ဒီမှာ မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ်ခု ရှိနေတယ်... အရှင့်သားနဲ့တူတူ နွေဦးအထိ နန်းတွင်းထဲမှာ အချိန်ကုန်ချင်ခဲ့ပြီး စကားများများပြောခဲ့ချင်ပေမယ့် တိုက်ဆိုင်တဲ့ကိစ္စတွေ ရှိလာမယ် မထင်ထားခဲ့ဘူး..."

" မင်း ဘာလုပ်ချင်တာလဲ ငါကူညီပေးပါ့မယ်..."

ရွှယ်ယန်၏အသံက အက်ရှရှဖြစ်နေပြီး တွန့်ဆုတ်ခြင်း မရှိပဲ ပြောလိုက်သည်။

ကျွင်းဟွိုင်လန် အံ့အားသင့်သွားမိပြီး မဖော်ပြတတ်သော နွေးထွေးမှုတစ်မျိုးက သူ့ရင်ထဲတွင် ပြည့်နှက်လာခဲ့သည်။

သူက အမြဲတမ် ဒီလိုလူပါပဲ...

သူ့ရည်ရွယ်ချက်ကို ထိုလူအား ရှင်းပြနေသော်လည်း ရွှယ်ယန့်မျက်လုံးထဲတွင် အကြည့်တစ်ခုသာ ရှိနေသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Dove le storie prendono vita. Scoprilo ora