အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.6K 217 1
                                    

Chapter 126

ကျွင်းဟွိုင်လန် သူတို့ကို ဦးစွာထွက်ပြေးခိုင်းလိုက်သည်မှာ သူကိုယ်တိုင်ကလည်း ဤနေရာတွင် လုံခြုံသည်ဖြစ်ပြီး သူတို့ကိုလည်း ဒဏ်ရာမရစေလိုသည့်အပြင် ထိုဓားပြများ၏ အကြံအစည်ကိုလည်း မနှောင့်ယှက်စေချင်သောကြောင့်ဖြစ်သည်။

ထိုနေရာတွင်ရပ်ကာ ချွေးသုတ်နေသည့် သက်လတ်ပိုင်းအရွယ်အရာရှိကိုကြည့်ကာ ကျွင်းဟွိုင်လန်၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

ထို့နောက် ကျွင်းဟွိုင်လန်၏အကြည့်များက မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ပြဿနာရှာသူများထံ ရောက်ရှိသွားသည်။

" အားလုံးက  အနားယူနေတဲ့အချိန်မှာ ကျွန်တော့်နေရာကို တုတ်တွေ လက်နက်တွေယူပြီး ရောက်လာကြတာပဲ ဘာတွေများ ကြံစည်နေကြတာလဲ..."

ကျွင်းဟွိုင်လန်က ထိုလူအုပ်ကြီးရှေ့တွင်ရပ်ကာ ‌ခပ်အေးအေးပင်ပြောလိုက်သည်။

ယခုအချိန်တွင် ထိုလူများကို သေချာစွာလေ့ကျင့်ထားသည့် ကျင်းယီဝေ့အစောင့်များက ထိန်းသိမ်းထားလိုက်ပြီဖြစ်၍ ထွက်ပြေးရန်မ‌ဆိုနှင့် ခေါင်းပင်မမော့ရဲတော့ပေ။

သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ဟန်လူက ခေါင်းမော့ပြီး ကျယ်လောင်စွာပြောလိုက်သည်။

" အရာရှိမင်းတို့က ကျွန်တော်တို့လစာတွေကို တစ်ဝက်တိတိဖြတ်ထားတာဆိုတော့ ကျွန်တော်တို့ကို သတ်နေသလိုပါပဲ..."

  ကျွင်းဟွိုင်လန်က အေးစက်စွာပြုံးလိုက်သည်။ 

" သတ်တယ်တဲ့လား... ဒါ သင်ခန်းစာပေးလိုက်ရုံပါပဲ... ကျွန်တော် ခင်ဗျားတို့ရဲ့ ဇနီးနဲ့ကလေးတွေကို ဂရုမစိုက်ပေးထားလို့လား..."

နေရာတွင်ရှိနေသူအားလုံးက အံ့အားသင့်သွားကြသည်။

ကျွင်းဟွိုင်လန်၏ဘေးတွင်ရပ်နေသည့် ကျင်းပေါင်က   ‌အလျင်အမြန်အော်ပြောလိုက်သည်။

" ဝံပုလွေလိုနှလုံးသားနဲ့ ကျွန်တွေပဲ..."

သူ့အသံကို ကျယ်လောင်စွာပြောလိုက်၍ စိတ်လှုပ်ရှားစွာဖြင့်ရပ်နေသော အလုပ်သမားများကပါ ရှင်းလင်းစွာကြားလိုက်ရသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now