အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

2.1K 285 1
                                    

Chapter 44

သူသည် ရှုတ်ချမှုနှင့် အေးစက်မှုကို ကျင့်သားရနေခဲ့ပြီး တောက်ပသောကမ္ဘာမှ သူ့ကို လက်ခံနိုင်မည်ဟု မည်သည့်အချိန်ကမှ မတွေးခဲ့မိပေ။

ထိုအရာအားလုံးမှာ ကျွင်းဟွိုင်လန်မှပေးအပ်ခဲ့ခြင်းဖြစ်သည်ကိုလည်း သူသိရှိနေခဲ့သည်။

ကိုယ်လုပ်တော်ရှု၏အဓိကခန်းမဆောင်မှာ အလွန်လှပတင့်တယ်ကာ ကျောက်စိမ်းများ၊ပုလဲများနှင့် ရွှေရောင်ခြယ်သထားမှုတို့ကြောင့် ကျွင်းဟွိုင်လန်၏အပြုံးမှာ ပို၍ပင် ထွန်းလင်းတောက်ပနေကာ သူ၏ပုံရိပ်သည် ရွှယ်ယန်၏နှလုံးသားထဲတွင် စူးရှစွာငြိတွယ်သွားခဲ့သည်။

သူ၏နှလုံးခုန်သံမှာ ကျယ်လောင်စွာ ကခုန်နေပြီး သူ့နားစည်ကို လိုက်လျောညီထွေစွာ ပဲ့တင်ထပ်စေကာ  ရင်ဘတ်ထဲတွင် စိမ့်ဝင်နေသည့် နွေးထွေးသော စိတ်ခံစားမှုတစ်ခုမှ ရွှယ်ယန်၏သွေးများကို ယခင်ကထက် ပို၍ပူနွေးလာစေသည်။

မသိစိတ်ကြောင့် လက်ထဲတွင်ရှိနေသည့် ကြေးပြားလေးကို ရွှယ်ယန် တင်းတင်းဆုပ်ကိုင်သွားမိခဲ့သည်။

၎င်းမှာတစ်စုံတစ်ခုပိုင်ဆိုင်ချင်စိတ်ကို တင်းတင်းကြပ်ကြပ် ဖုံးကွယ်ထားရန် သူ့စိတ်ထဲရှိ ရုတ်တရက်ဖြစ်ပေါ်လာသော တွန်းအားကို သက်သာစေပုံပင်။

.....

ရွှယ်ယန် အနောက်ဘက်ခန်းမဆောင်သို့ ‌ပြန်ရောက်လာချိန်တွင် ညနက်နေပြီဖြစ်သည်။

မီးအိမ်အနားတွင် တစ်ယောက်တည်းထိုင်နေပြီး လက်ထဲမှ ကြေးနီဒင်္ဂါးလေးဖြင့် ေဆာ့ကစားနေသည်။

၎င်းက သာမန်ကြေးနီပြားလေးသာဖြစ်ပြီး အပေါ်တွင် " ချင်းဖျင်တုန်းပေါင်" ဟူသည့် စာလုံးရေးထွင်းထားကာ မီးအိမ်အောက်တွင် အရောင်က မှုန်မှိုင်းနေသည်။

သို့သော်လည်း သူ့အကြည့်များက ဒင်္ဂါး၏အပေါ်ပိုင်းမှ အကြည့်မလွှဲသွားခဲ့ပေ။

ကျင်းပေါင်က သူ့ကိုမနှောင့်ယှက်ရဲပဲ သူ့အမူအရာကို ရံဖန်ရံခါ ချောင်းကြည့်နေသည်။

ရွှယ်ယန်၏ မျက်တောင်ရှည်များက မီးရောင်အောက်တွင် ကော့ညွတ်နေပြီး မျက်လုံးများက တည်ငြိမ်ကာ နက်ရှိုင်းနေသော်လည်း ကျင်းပေါင်က သူ မည်သည်ကို တွေးနေသည်အား မခန့်မှန်းနိုင်ဖြစ်နေသည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now