အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

2.4K 337 2
                                    

Chapter 9

ကျွင်းဟွိုင်လန်က သူ၏အသံတုန်ယင်နေသည်ကို မထိန်းချုပ်နိုင်တော့ပေ။

နန်းတွင်းက အရမ်းကြောက်စရာကောင်း
တဲ့နေရာပဲ... ဒီ ညီအစ်ကိုဆိုတဲ့လူတွေက ရွှယ်ယန်ကို ဘာများ ကောင်းပေးကြလို့လဲ...

အကြောင်းရင်းမရှိပဲ အထင်သေးတယ်၊ အရှက်ခွဲတယ်၊ မမျှမတလုပ်တယ် ၊ ခွဲခြဆက်ဆံတယ်...

သူ့ဘေးမှ လင်းဖူက ခပ်ဖွဖွရယ်လိုက်သည်။
" သခင်လေး ကြောက်နေစရာမလိုပါဘူး... အရှင်မင်းကြီးက ... ဘယ်လိုပြောရမလဲ... ဒီလိုရိုက်နှက်နေပေမယ့် သူ့ကိုယ်သူ အပြစ်တင်နေတာပါ..."

ရွှယ်ယန်က အပြစ်ပေးရမည့်လူဟု ကျွင်းဟွိုင်လန်မထင်ပေ။ ဤထူးခြားဆန်းကြယ်သော လူငယ်လေးက နန်းတွင်း၌ လူပုံအလယ်တွင် လှောင်အိမ်ထဲပိတ်ထားသည့် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရသည်။ အားလုံးက သူ့ကို သေစေချင်နေသော်လည်း သူက ခေါင်းမာစွာတောင့်ခံနေပြီး မသေခဲ့ပေ။ ယလုအချိန်တွင်လည်း ဤသို့ နှ်ိပ်စက်ခံနေရခြင်းကို လက်သည်းများဖြင့်သာကုတ်ထားပြီး သူ့ကိုယ်သူ တင်းခံနေသည်။ သူ့ဘေးမှ လူများကလည်း "ငါတို့က အမြဲမှန်ခဲ့တယ် မင်းက မကောင်းဆိုးဝါးတစ်ကောင်ပဲ" ဟူသည့် အကြည့်မျိုးဖြင့် ကြည့်နေကြသည်။

အားလုံး၏ အနိုင်ကျင့်နှိပ်စက်ခြင်းခံနေရသော ဤလူငယ်လေးမှာ  တစ်နေ့တွင် သူ၏လှောင်အိမ်ထဲမှာ ရုန်းထွက်လာကာ မကောင်းဆိုးဝါးအစစ် ဖြစ်လာပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ကို ဤလူများ မသိကြပေ။ အပြစ်ကင်းသောလူအများစုလည်း သေကြေကြရဦးမည်ဖြစ်သည်။

သို့သော်လည်း ထို "အပြစ်ကင်းသူ"များအားလုံးက ဤမြင်ကွင်းကို ရပ်ကြည့်နေခဲ့ကြပြီး လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်ရှားခဲ့ပေ။

အချက်သုံးဆယ်ရိုက်ပြီးနောက်တွင် အဖြူရောင်စကျင်ကျောက်ကြွေပြားက သွေးရွှဲရွှဲစိုနေပြီဖြစ်သည်။

အစောင့်များက တုတ်ကိုပြန်ယူလိုက်ပြီးနောက် ခန်းမထဲပြန်ဝင်သွားပြီး သတင်းပို့လိုက်ကြသည်။ ရွှယ်ယန်တစ်ယောက်တည်းသာ လှေကားထစ်များတွင် ဒူးထောက်လျက် တစ်ယောက်တည်းကျန်တော့သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now