အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.9K 282 4
                                    

Chapter 81

——

   

ထိုညတွင် ကျင်းပေါင်က ရွှယ်ယန်၏အခန်းတံခါးကို ဂရုတစိုက်ဖွင့်လိုက်သည်။

သင်္ဘောကကြီးမားသော်လည်း ပစ္စည်းပေါင်းများစွာနှင့် လူများကို သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ရွှယ်ယန်၏ အိပ်ဆောင်နှင့် စာကြည့်ခန်းကိုလည်း သီးခြားမခွဲထားပေ။ ရွှယ်ယန်အိပ်ပျော်နေသည်ဟုတ်မဟုတ်ကို  အခန်းထဲမှ မီးအိမ်အရောင်ကိုကြည့်ရုံဖြင့် ခန့်မှန်းနိုင်သည်။

သူ အမှန်တကယ်ပင် မအိပ်သေးပေ။

တံခါးဖွင့်ပြီး အထဲသို့ဝင်လာသည့်အခါရွှယ်ယန်က စာကြည့်စားပွဲတွင်ထိုင်နေပြီး တုန်းချန်က စာပို့ခိုဖြင့်ပို့လိုက်သည့် လျှို့ဝှက်စာကို ဖတ်နေသည်။

စာထဲတွင် အရေးကြီးသည့်အကြောင်းအရာ မပါဝင်ပဲ မြို့တော်မှ မှူးမတ်အချို့၏လှုပ်ရှားမှုများကိုသာရေးထားခြင်းဖြစ်၍  ညနက်သည့်အထိ ဂရုတစိုက်ဖတ်နေရန် မလိုအပ်ပေ။

သို့သော်လည်း ရွှယ်ယန် အိပ်မပျော်နိုင်သေးသောကြောင့် ထိုစာထဲတွင် ပြဿနာတစ်ခုခုတက်ရန်သာ မျှော်လင့်နေမိသည်။ သို့မှသာ သူ မအိပ်သေးပဲ ထိုင်တွေးတောနေ၍ရမည်ဖြစ်သည်။

" ဘာကိစ္စရှိလို့လဲ..."

ကျင်းပေါင် အခန်းထဲဝင်လာသည့်အခါ သူက မော့မကြည့်ပဲမေးလိုက်သည်။

ကျင်းပေါင် သတိထား၍ ရှေ့တိုးလာပြီးနောက် သူ့အတွက် မီးအိမ်ကို နေရာရွှေ့ပေးလိုက်ကာလက်ဖက်ရည်ကြမ်းငှဲ့ပေး၍ ပြောလိုက်သည်။

" သခင့်ကို လျှောက်တင်ပါတယ် ဒီနေ့ သခင်လေးနဲ့တူတူပါလာတဲ့ မိန်းကလေးရဲ့ကိစ္စကို ဆောင်ရွက်ပေးပြီးသွားပါပြီ သူ့မိသားစုကိုလည်း ခေါ်ထားလိုက်ပါပြီ..."

ရွှယ်ယန်က အေးစက်စက်ဖြင့်သာပြောလိုက်သည်။

" သူ့အတွက် အလုပ်တချို့ခွဲပေးလိုက် ငါ့ဆီလာပြီး ခစားစရာမလိုဘူး..."

သူ့သခင်က ထူးဆန်းသည့်လူတစ်ယောက်ဖြစ်ကြောင်းကို ကျင်းပေါင် သိရှိထားပြီးဖြစ်သည်။ အခြားမင်းသားများမှာ ဒါဇင်နှင့်ချီသောအစေခံများ ဝန်းရံနေကြသော်လည်း ရွှယ်ယန်က ထိုသို့မဟုတ်ပေ။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now