အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.9K 298 5
                                    

Chapter 53

ထိုအမျိုးသမီးတစ်ယောက်တည်းကသာ သူ့အတွက် ကံကြမ္မာက ဖန်တီးပေးထားသည့်လူဖြစ်ပြီး အခြားအမျိုးသမီးများက ဟာသတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။

နောက်ပိုင်းတွင် ယီကျဲယွီက အလွန်ပင် ခက်ခဲသည့် အခြေအနေတစ်ခုသို့ ရောက်ရှ်ိလာခဲ့သည်။ သူမကို ဧကရာဇ်က နောက်တစ်ဖန်ပြန်၍ မျက်နှာသာပေးရန်အတွက် တတ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီး ဧကရာဇ်ချင်းဖျင် သေရည်မူးနေအောင်ကြံစည်ပြီး ကိုယ်ဝန်ရအောင်အထိ လုပ်ခဲ့ရသည်။ ဧကရာဇ်ချင်းဖျင်ထံတွင် နန်းမွေဆက်ခံမည့်သူက အလွန်နည်းပါးလှ၍ ထိုအချိန်က ယီကျဲယွီ၏ကိုယ်ဝန်က သူ့အတွက် အာရုံစိုက်စရာဖြစ်လာခဲ့ပြီး ဧကရာဇ်၏ ဂရုစိုက်မှုတစ်ဝက်ကို သူမအပေါ်  ပြန်လည်ရောက်ရှိလာခဲ့သည်။

သို့ရာတွင် ရက်အနည်းငယ်အကြာ၌ ကိုယ်လုပ်တော်ရုန်ကလည်း ကိုယ်ဝန်ရှိနေသည်ဟူသောသတင်းကို ကြားလိုက်ရသည်။

   

ထိုအချိန်က အလယ်နန်းဆောင်တွင် နန်းမွေဆက်ခံမည့် သားတော်တစ်ယောက်မှ မရှိ၍ ထိုကလေးက အားလုံး၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။ ထို့အပြင် ဧကရာဇ်ကလည်း သူမအပေါ် လုံးဝ ဂရုမစိုက်တော့ပေ။

ယီကျဲယွီ တစ်ညတာလုံး ငိုယိုနေခဲ့ပြီးသည့်နောက်တွင် စိတ်ပိုင်းဖြတ်လိုက်သည်။

ဤတစ်ကြိမ်တွင် ကိုယ်လုပ်တော်ရုန်က သူမထက်ပို၍ အင်အားကြီးလာစေရန် အခွင့်အရေးကို မပေးနိုင်တော့ပေ။ သူမ ကလေးက ကိုယ်လုပ်တော်ရုန်၏ ကလေးနှင့် ရှေ့ဆင့်နောက်ဆင့် မွေးဖွားရတော့မည်ဖြစ်၍ အချိန်ကျလာရင် သူမနှင့် သူမရင်သွေးက ထင်ပေါ်နိုင်မည်မဟုတ်တော့ပေ။

   

သူမ ရင်သွေးကို လွယ်ထားရစဉ်တွင် သူမအစ်ကို၏အကူအညီဖြင့် တုန်းချန်နှင့် ဆက်သွယ်ခဲ့သည်။

   

မိန်မစိုးအကြီးတစ်ယောက်ကို လာဘ်ထိုး၍ ကိုယ်လုပ်တော်ရုန်၏ ဘေးနားတွင်ထားလိုက်ကာ ဤကိစ္စအောင်မြင်ပါက တုန်းချန်နှင့် မိတ်ဆက်ပေးမည်ဟု ကတိပေးခဲ့သည်။ ထို့နောက် ကိုယ်လုပ်တော်ရုန်ကို ဆေးခတ်ခိုင်းခဲ့ပြီး အသက်နှစ်ချောင်းကို တစ်ချိန်တည်းဆုံးရှုံးအောင် ကြံစည်ခဲ့သည်။

အကြမ်းဖက်၀တ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Where stories live. Discover now